Chapter - 364"အတူတကွရင်ဆိုင်ရန်"

219 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 364

“အတူတကွရင်ဆိုင်ရန်”

လောင်ရှန်ယွန်၏ စကားကြောင့် လူအများစုသည် ဟိုဟိုဒီဒီ ကြည့်၍သာ မျက်နှာလွှဲသွားကြသည်။

အဘိုးကြီးတစ်ဦးမှသာ တည်ကြည်လေးနက်သော အသံဖြင့် -

“ငါတို့ မင်းကို ယုံကြည်ချင်ပါတယ် ခေါင်းဆောင်လောင် . . . ဒါပေမယ့် မင်းရဲ့ စကားတွေကို ယုံကြည်ရပါ့မလားလို့ တွေးမိတာတော့ အမှန်ပဲ။ မင်းပြောသလို မင်းက အကြံပက်စက်တဲ့လူမျိုး မဟုတ်ဘူး ဆိုရင်တောင်မှ မင်းရော ငါတို့ နေရာမှာဆို ဘယ်လိုများ တွေးမလဲ . . .”

အဘိုးကြီး၏ လိမ္မာပါးနပ်စွာ ပြောလိုက်သည့် စကားကြောင့် လူတိုင်း ထောက်ခံသွားကြရုံမျှမက လောင်ရှန်ယွန်ပင် မျက်မှောင်ကြုတ်သွားလေသည်။

(အမှန်ပဲ . . . ငါက ဟိုကောင်ပြောသွားသလို အကြံအစည်မျိုး မစဉ်းစားမိဘူး ဆိုပေမယ့် တကယ်သာ ဖြစ်နိုင်မယ်ဆို ငါအဲဒီလို လုပ်ချင်မိမှာပဲ။ မလုပ်ချင်ပါဘူးလို့ ငြင်းနေမယ် ဆိုရင်တောင် ငါ့ကိုယ်ငါ လိမ်နေသလိုပဲ ဖြစ်မှာ . . .)

ခဏအကြာတွင် လောင်ရှန်ယွန်မှ -

“ငါကို ယုံယုံ မယုံယုံ ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခု ကြုံလာရမယ့် ပြဿနာတွေကို အားလုံး ရင်ဆိုင်ကြရတော့မယ်။ ငါတို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါပြောတာ မင်းတို့ လက်ခံတယ် မဟုတ်လား . . .”

“ခေါင်းဆောင်လောင် ပြောတာမှန်တယ်။ ငါတို့အခု ဘာလုပ်ကြမလဲ . . .”

အားလုံး ပြုံးလျက် လောင်ရှန်ယွန်အား ထောက်ခံလိုက်ကြသည်။ သို့သော် စိတ်ထဲတွင်မူ လောင်ရှန်ယွန်အား အပြည့်အဝ ယုံကြည်နေကြသည်တော့ မဟုတ်ကြချေ။

လောင်ရှန်ယွန်သည် အနည်းငယ် စိတ်ပျက်အားငယ်သော အမူအယာမျိုး ဖြစ်နေသည့်တိုင် စိတ်အားတက်ကြွနေပုံပင်။ ထို့နောက် လူအားလုံးအား တစ်ချက် ဝေ့ကြည့်လိုက်ရင်း -

“အဆိုးထဲ အကောင်းဆိုတာ ရှိစမြဲပဲ။ စစ်ယုက ငါတို့ကို တစ်ခု သတိပေးလိုက်သလိုပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now