Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"

268 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 253

“ဝမ်ဇန်းဟို၏အခက်အခဲ”

ကိစ္စများအားလုံး ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း ပြန်လာခဲ့လိုက်သည်။ လင်းပါအိုတွင် ကျင်းပမည့် လေလံပွဲအတွက် စီစဉ်ရမည့် ကိစ္စများလည်း ရှိနေသေးသည် မဟုတ်ပါလား။ လင်းပါအို ခန်းမသို့ သွားရာ လမ်းတလျှောက်တွင် ရဲရှောင်၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြစ်ပေါ်နေမိသည်။

ပိုင်ရှင်းယွဲ့၏ အမွေအနှစ်သွေးကြောသည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှပြီး ထူးဆန်းသော ချီဓာတ်တစ်မျိုးလည်း ရှိနေသည်။ ရဲရှောင်ကိုယ်တိုင်ပင် ထိုစွမ်းအင်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရသည်။ သူ့အနေဖြင့် အမွေအနှစ်သွေးကြောထဲရှိ
ချီဓာတ်အား စုပ်ယူ၍ အသုံးပြုကောင်း ပြုနိုင်လိမ့်မည်ဟု ထင်မိသည့်တိုင် အတပ်တော့ မပြောနိုင်သေးချေ။ ရဲရှောင် စဉ်းစားရင်းဖြင့် ခေါင်းရှုပ်လာမိသည်။

ကုသနေရင်းဖြင့် ထိုကဲ့သို့ အဆင့်မြင့်သည့် စွမ်းအင်တစ်ခုနှင့် ရင်ဆိုင်ရမည်မှန်း ရဲရှောင် မထင်ထားခဲ့မိချေ။

ထိုအမွေအနှစ်သွေးကြောသည် အစွမ်းထက်လွန်းလှသည့်အတွက် ချင်းယန်နယ်ပယ်မှ မဟုတ်နိုင်ပေ။

ရဲရှောင်သည် ရှောင်ဧကရာဇ်ဘဝတွင် ချင်းယန်နယ်ပယ် တစ်ခုလုံး၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သို့သော် အစွမ်းအထက်ဆုံး မဟုတ်ခဲ့ချေ။ ချင်းယန်နယ်ပယ်၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိရန် အနည်းငယ် အလှမ်းကွာနေပါသေးသည်။ ထို့ကြောင့် ချင်းယန်ထက် ပို၍ အဆင့်မြင့်သည့် နယ်ပယ်များကိုမူ ပို၍ပင် အလှမ်းကွာဝေးနေသေးသည်ဟု ဆိုရပေမည်။

သို့သော် ရဲရှောင်အနေဖြင့် ပိုင်ရှင်းယွဲ့ထံတွင် ရှိနေသော ထူးခြားဆန်းကြယ်သည့် စွမ်းအင်အား အဘယ့်အတွက်ကြောင့် ရင်းနှီးနေသည်ဟု ခံစားနေရမှန်း မစဉ်းစားတတ်အောင်ပင် ဖြစ်နေခဲ့သည်။

လင်းပါအိုသို့ သွားရာ လမ်းတလျှောက်တွင် ထိုကိစ္စနှင့် ပက်သက်၍ အဖြေထုတ်နေမိခဲ့သော်လည်း အချည်းနှီးပင် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now