မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 351
“စိတ်နှင့်ကိုယ်မကပ်ခြင်း”
အနက်ရောင်ဝတ်လူသည် နေရောင်ဂိုဏ်းမှ လူများနှင့် ပေ ၁၀၀၀ အကွာအဝေးလောက်မှ အပ်များ လှမ်းပစ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ အပ်များ ပစ်လွှတ်လိုက်ပြီးသည်နှင့် ချက်ချင်းပင် ပေ ၃၀၀ ခန့် အကွာအဝေးသို့ လှပစွာ ခုန်ကူး၍ ထွက်ပြေးသွားသည်။
စက္ကန့်ပိုင်းအတွင်း အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ခြင်းပင် ဖြစ်သည်။
နေရောင်ဂိုဏ်းမှ လူများသည် အပ်များ ရောက်လာသည်ကို သတိပြုမိလိုက်သည့် အချိန်မှာပင် အနက်ရောင်ဝတ်လူသည် အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်း အနက်ရောင် အစက်အပြောက် တစ်ခုကိုသာ မြင်တွေ့ရလောက်သည်ထိ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ ခဏအကြာတွင် အနက်ရောင်ဝတ်လူသည် လုံးဝ ပျောက်ကွယ်သွားချေပြီ။
ဂျိချန်းဖန်သည် လေထဲတွင် သူ၏ ဓားအား ဝေ့ယမ်းကာဖြင့် အပ်များ မထိမှန်စေရန် ကြိုးစားနေလေသည်။
သူ၏ လှုပ်ရှားမှုသည်လည်း အလွန်မြန်ဆန်သွက်လက်လှသည်။
ထို့နောက် ဂျိချန်းဖန်သည် အလွန်ဒေါသထွက်နေသော အသံဖြင့် -
“အနန္တသူတော်စင် . . . မင်းဘယ်ပြေးတာလဲ . . .”
ဂျိချန်းဖန်သည် ရန်သူအား လက်လွှတ်လိုက်ရသည့်
အဖြစ်မျိုး အဖြစ်မခံချင်ပေ။ ထို့ကြောင့် သူ၏ စွမ်းအင်များအား စုစည်းလိုက်၍ ကောင်းကင်ထက်မှ ကြွေကျသွားသည့် ကြယ်တစ်လုံးအလား အလွန် လျင်မြန်သောနှုန်းဖြင့် လိုက်ပါသွားခဲ့သည်။အနက်ရောင်ဝတ်လူထက် လျင်မြန်စွာ မပျံသန်းနိုင်သော်လည်း သူ၏ ဓားထံသို့ စွမ်းအင်များ စီးဆင်းစေ၍ ဝေ့ယမ်းကာ သွားလိုက်သဖြင့် သွားနိုင်သည့် အမြန်နှုန်းထက် ပိုမို မြန်ဆန်စွာ သွားနိုင်ခဲ့သည်။ ထို့ကြောင့် ဂျိချန်းဖန်သည် အနက်ရောင်ဝတ်လူအား တဖြည်းဖြည်း မီလာလေသည်။ နေရောင်ဂိုဏ်းမှ လူများအတွင်း သူတစ်ဦးတည်းသာ ထိုမျှလောက် အစွမ်းထက်နေခြင်း ဖြစ်သည်။
YOU ARE READING