307 - 310

317 24 0
                                    

Chapter – 307
“ရဲတင်းလွန်းသောဖန်ဧကရာဇ်”

ဝမ်ဇန်းဟိုသည် ဝမ်းသာလုံးစို့၍ မျက်ရည်များပင် ဝဲတက်လာလေသည်။
စိတ်ထဲတွင်လည်း ကျယ်လောင်စွာ အော်ဟစ်ပစ်ချင်နေမိသည်။
“ဟားဟား . . . ငွေရှာရတာ သိပ်လွယ်တာပဲ။ သူများဆီက
သွားလုရတာထက်ကို ပိုလွယ်နေသေးတယ် . . .”
. . .
“ဒီလေလံပွဲမှာ ငွေစဆိုတာ တန်ကြေးမရှိတော့သလိုပဲ . . .”
ပိုင်ရှင်းယွဲ့ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
မော်တယ်ကမာ္ဘမှ ငွေကြေးသည် သူမအဖို့ တန်ဖိုးမရှိသော်လည်း
ယခုကဲ့သို့ အချိန်နှင့်အမျှ ငွေပမာဏ များ တရိပ်ရိပ် တိုးတိုးသွားသည်ကို မြင်ရ
သောအခါ အံ့သြနေမိလေသည်။ ပိုင်ရှင်းယွဲ့ကဲ့သို့ ချင်းယန်နယ်ပယ်မှ
ထိပ်တန်းဂိုဏ်းကြီး၏ ပညာရှင်တစ်ဦးပင် ယခုကဲ့သို့ နှုတ်မှ
ထုတ်ဖော်ရေရွတ်မိလိုက်သည်။
ဝမ်ရမ်ချူးချူးသည်လည်း သူမ၏ နှုတ်ခမ်းအား ကိုက်လျက်
သက်ပြင်းချလိုက်သည်။
“ဟုတ်တယ်၊ ငွေရှာရတာ သိပ်လွယ်နေသလိုပဲ။ ကျွန်မ
ဖန်ဇီလင်ကိုတောင် သတ်ပစ်ချင်နေမိပြီ။ ဘာလို့လဲဆိုတော့ . . .”
ပိုင်ရှင်းယွဲ့ ပထမ ကြောင်သွားမိသော်လည်း ချက်ချင်းပင်
နားလည်လိုက်မိသည်။ လင်းပါအိုမှ ချန်နိုင်ငံတော်အား ထောက်ပံ့ပေးမည်ဟု အတိအလင်း
ကြေညာထားသည်။ ချန်နိုင်ငံတော်သည် လေလံပွဲမှ ရရှိသော ငွေပမာဏအား
ရာခိုင်နှုန်းအချိုးကျဖြင့် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ယခုကာလသည်
ချန်နိုင်ငံတော်အနေဖြင့် စစ်ပွဲအတွက် ငွေကုန်ကြေးကျ များနေသော
ကာလဖြစ်သည်။
လေလံပွဲမှ ရရှိသော ငွေစအများစုသည် ဝမ်ရမ်ချူးချူး၏
အပြာရောင်လေနိုင်ငံတော်နှင့် စစ်ဖြစ်ရာတွင် သုံးစွဲသွားမည် ဖြစ်သည်။
မော်တယ်ကမာ္ဘမှ ငွေကြေးမှာ ပိုင်ရှင်းယွဲ့အတွက် မှုစရာ
မဟုတ်သည့်တိုင် အခြားလူများ အတွက်မူ ထိုသို့ မဟုတ်ပေ။ ငွေသည် ဒုတိယ
ဘုရားသခင်ဖြစ်သဖြင့် ကမာ္ဘကြီးကိုပင် ငွေဖြင့် ပြောင်းလဲပစ်နိုင်စွမ်း ရှိ
လေသည်။
အထူးသဖြင့် စစ်ပွဲများအတွက်မူ ငွေသည် အလွန်အရေးပါလှသည်။
ခြုံငုံ၍ သုံးသပ်ရမည် ဆိုလျှင် စစ်ပွဲတွင် နိုင်ခြင်း ရှုံးခြင်းသည် ငွေပေါ်တွင်
မူတည်နေလေသည်။
စစ်ဖြစ်ရာတွင် မည်သည့်ဘက်မှ ငွေကြေးသယံဇာတ ပိုမို ကြွယ်ဝသည်
ဆိုသည့် အချက်ပေါ် တွင် များစွာ မူတည်လျက် ရှိသည်။ စစ်သည်များအဖို့
အနည်းဆုံး စားနပ်ရိက္ခာ လုံလောက်စေရန် အရေးကြီးလှသည်။
အဝတ်အစားသည် ဒုတိယလိုက်၏။ ထို့ပြင် ကျန်ရစ်သူ မိသားစုများကိုလည်း
ကူညီထောက်ပံ့နိုင်ရန် အလွန်အရေးကြီးလှသည်။
နေ့စဉ်နှင့်အမျှ အသုံးပြုသည့် လက်နက်များမှာ ထိခိုက်ပျက်ဆီးရသည်။
ထိုလက်နက်များ ပြန်လည်ပြင်ဆင်ရန်အတွက် မည်သည်ကို
လိုအပ်ပါမည်နည်း။ ငွေကိုသာ လိုအပ်ပေလိမ့်မည်။
မြင်းများ အစာကျွေးရန်အဆုံး ရေသောက်သည်ကအစ ငွေကို
လိုအပ်သည်။ ချန်နိုင်ငံတော်အတွက် လင်းပါအိုသည် ငွေထုတ်စက်ကဲ့သို့ ဖြစ်နေလေပြီ။
ဝမ်ရမ်ချူးချူး အသေအချာသိသွားသည့် အချက်တစ်ချက်ရှိလေသည်။
ထိုအချက်မှာ ယခုလေလံပွဲပြီးနောက် ချန်နိုင်ငံတော်သည် စစ်ပွဲအား ၁၀
နှစ်လောက်ခန့် အသာအယာ တောင့်ခံထားနိုင်ဦးမည်ကိုပင် ဖြစ်သည်။
ယခုအခြေအနေအရ ချန်နိုင်ငံတော် အနေဖြင့် စစ်ပွဲဖြစ်ပွားနေစဉ်
ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက်
အခွန်ကင်းလွတ်ခွင့်ပင် ပေးနိုင်ဦးမည်ဖြစ်သည်။
အပြာရောင်လေနိုင်ငံတော်မှာမူ ထိုသို့ မဖြစ်နိုင်ချေ။
စစ်ပွဲဖြစ်နေစဉ် ကာလအတွင်း အပြာရောင်လေနိုင်ငံတော်အနေဖြင့်
ငွေကုန်ကြေးကျများခဲ့သည်။ မဟာမိတ်များအား ပူးပေါင်းနိုင်ရန်အတွက်လည်း
ငွေကုန်ခဲ့ရသည်။ ယခုတိုင်အောင် ငွေကြေး ကုန်နေဆဲပင် ဖြစ်သည့်အတွက်
အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်တော့ချေ။
“အကြမ်းဖျဉ်းတွက်ကြည့်ရသလောက် ဒီလေလံပွဲမှာ ဘီလီယံ ၁၂၀
လောက် ရလိမ့်မယ်။ ဒါဆို သူတို့ ကြေညာထားတဲ့အတိုင်း ချန်နိုင်ငံတော်နဲ့ တစ်
ဝက်စီဆိုတော့ ၆၀ ဘီလီယံစီ ရမှာပေါ့။ ဒီပမာဏက တော်တော်ကို
များတယ်နော် . . .”
ဝမ်ရမ်ချူးချူး သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်ရင်း -
“အခု ဒီက ငွေစတွေကို ကျွန်မမျက်လုံးထဲ ငွေစတွေလို့ မမြင်မိတော့ဘူး၊
ဓားတွေ၊ လှံတွေ၊ လက်နက်တွေလို့ပဲ မြင်နေရတယ်။ အဲဒီလက်နက်တွေက
ကျွန်မတို့နိုင်ငံရဲ့ လူတွေပေါ် ကျလာမှာ . . .”
ပိုင်ရှင်းယွဲ့ လေးလံစွာ သက်ပြင်းချလိုက်မိသည်။
ဝမ်ရမ်ချူးချူးသည် သူမ၏ တပည့်ဖြစ်ပြီး အပြာရောင်လေ နိုင်ငံတော်၏
မင်းသမီးတစ်ပါးလည်း ဖြစ်ပေသည်။ ဝမ်အာပြောခဲ့သည့်အတိုင်း သူမနှင့် သခင်ကြီးဘိုင်တို့သည် မည်သူမျှ
မသိလိုက်ခင်မှာပင် တ်ိတ်တဆိတ် ပြန်သွားခဲ့ကြသည်။ ပြန်သွားမှန်းပင်
မသိလိုက်ကြချေ။ လေလံပွဲသည်လည်း အောင်မြင်စွာ ပြီးဆုံးတော့မည်
ဖြစ်သည်။
ယခုလေလံပွဲသည် မော်တယ်ကမာ္ဘ၏ သမိုင်းတွင် စံတင်ရမည့်
လေလံပွဲတစ်ခုပင် ဖြစ်လေသည်။
လေလံပွဲမှ ရဲရှောင် မျှော်မှန်းထားသည်ထက်ပင် ၂ ဆခန့် ပိုမိုရရှိခဲ့သည်။
ဝမ်ဇန်းဟိုမှ ရဲရှောင်ထံ အကျိုးအကြောင်း လာပြောသောအခါ ရဲရှောင်
တုန်လှုပ်အံ့သြသွားမိခဲ့သည်။
“ဘာ . . . ၁၄၅ ဘီလီယံကျော် ဟုတ်လား . . .”
ရရှိသည့် ပမာဏအား ကြားလိုက်ရသောအခါ ရဲရှောင်
ကြောင်ငေးသွားမိသည်။
“ဘုရားရေ . . .”
သူ၏ စိတ်များ တည်ငြိမ်သွားစေရန်အတွက် ရဲရှောင်
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
“သမိုင်းတလျှောက် ဘယ်လေလံပွဲကမှ ကျုပ်တို့ရှာတဲ့ ပမာဏလောက်
မရခဲ့ကြဖူးဘူး။ နောက်လည်း ရှိလာမှာ မဟုတ်ဘူး။ ဒီပွဲကတော့
သမိုင်းတွင်သွားပြီပဲ . . .”
ဝမ်ဇန်းဟိုသည် သူ၏ အဆီပြင်ကြီးများ လှုပ်ခါလျက် စိတ်လှုပ်ရှားစွာဖြင့်
ပြောလိုက်သည်။
“ခင်ဗျားပြောတာ မှန်တယ်။ အရင်ကလည်း ဒီလိုပွဲမျိုး မရှိခဲ့သလို
နောင်လည်း ရှိမှာ မဟုတ်ဘူး”
ရဲရှောင် ရယ်မောလျက် ပြန်ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်
ခုခုအား စဉ်းစားမိသွားသည့်ဟန်ဖြင့် - “ဒါနဲ့ နေရောင်ဂိုဏ်းကရတဲ့ ၅ ဘီလီယံကို သခင်ကြီးဘိုင် ကျုပ်တို့ကို
ပေးမသွားဘူးလား . . .”
ဝမ်ဇန်းဟို အံ့သြသွားဟန်ဖြင့် -
“ဟင့်အင်း ပေးမသွားဘူး . . .”
ရဲရှောင် ဒေါသထွက်သွားကာ -
“မျိုးမစစ်ကောင်၊ ငါ့ငွေတွေ ယူသွားတယ်။ ၅ ဘီလီယံတောင်မှ၊
တော်တော်ကို များတဲ့ ပမာဏကွာ။ ဒီအကြွေးကို မှတ်ထားမယ်။
မျိုးမစစ်ကောင် အခုတော့ နေနှင့်ဦးပေါ့။ ငါ့ငွေကိုတောင် ဘယ်လို
မျက်နှာပြောင်ပြောင်နဲ့ ယူသွားရဲရတာလဲ . . .”
ဝမ်ဇန်းဟိုသည် ရဲရှောင်အား ပါးစပ်အဟောင်းသားဖြင့်ပင် ကြောင်ငေး၍
ကြည့်နေမိသည်။ သူ၏ စိတ်ထဲတွင်လည်း ကျိန်ဆဲနေမိသည်။
(၅ ဘီလီယံက ကျုပ်တို့ငွေ ဘယ်လို ဖြစ်နိုင်ပါတော့မလဲ။ သူရူးများ
ရူးသွားတာလား။ ဒီလို ငါတို့ လေလံပွဲ အောင်အောင်မြင်မြင်နဲ့
ကျင်းပနိုင်သွားတာ သခင်ကြီးဘိုင်ကြောင့်လေ။ သူ ကျုပ်တို့ဘက်က
ရပ်တည်ပေးခဲ့လို့သာ ဒီပွဲက ပိုပြီး အသက်ဝင်သွားခဲ့တာ။ ဒီလိုမှသာ မဟုတ်ရင်
ဒီပမာဏရဲ့ တစ်ဝက်တောင် ရမှာ မဟုတ်ဘူး။ အဲဒါတောင် ခင်ဗျားက သူ့ဆီက
၅ ဘီလီယံကို ပြန်လိုချင်နေသေးတာလား၊ တော်တော် စိတ်ကူးယဉ်နေတာပဲ။
တော်တော်ကိုပဲကွာ . . .)
ဝမ်ဇန်းဟိုသည် ထိုစကားများအား ပါးစပ်မှ ထုတ်ဖော်၍တော့
မပြောဝံ့ချေ။
လေလံပွဲ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း ငွေစများ ယူဆောင်ရင်း
ညွှန်ကြားစရာ ရှိသည်များ ညွှန်ကြားကာ ပြန်လာခဲ့သည်။ လေလံပွဲလာ ပရိတ်သတ်များသည် ဆေးလုံးများ၏ ဈေးနှုန်း အဆမတန်
မြင့်တက်လိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ အချို့ဆိုလျှင် ငွေလုံလောက်စွာ
မယူခဲ့မိ၍ နောင်တရနေမိကြသည်။
သို့သော် ငွေမလုံလောက်သူများအဖို့ လုပ်၍ရနိုင်သော နည်းလမ်းတစ်ခု ရှိ
လေသည်။ ပစ္စည်းတစ်ခုခုအား အာမခံဖြင့် အပေါင်ထားနိုင်ခြင်းပင် ဖြစ်သည်။
သို့သော် ပစ္စည်းတိုင်းရယ်တော့ မဟုတ်ချေ။ ဆိုင်ခန်းများ၊ အိမ်ခန်းများ၊
ကျွန်များကိုမူ အပေါင်လက်မခံချေ။ ထိုပစ္စည်းများအစား ထူးခြားသော
ဆေးပစ္စည်းများ၊ ရတနာများ၊ တွင်းထွက်ပစ္စည်းများကိုမူ လက်ခံပေးလေသည်။
လင်းပါအိုမှ အဆိုပါ ပစ္စည်းများအား ယူထား၍ ငွေထုတ်ချေးပေးခြင်းပင်
ဖြစ်သည်။
အပေါင်ထားသည့်အတွက် ကာလပေါက်ဈေးအတိုင်းတော့ ရမည်
မဟုတ်ချေ။ အပေါင်းထားသူ တိုင်းလည်း ထိုအချက်အား နားလည်ကြသည်။
သို့သော် လင်းပါအိုသည် အပေါင်ပစ္စည်း တန်ဖိုး၏ ၉၀ ရာခိုင်နှုန်းကျော်ခန့်အား
အမြဲတစေ ထုတ်ချေးမြဲပင် ဖြစ်သည်။ ထိုသည်မှာ လင်းပါအို၏
သဘောထားကြီးမှုဟုပင် ဆိုနိုင်ပြီး အပေါင်ခံသူဘက်မှလည်း ကျေနပ်သကဲ့သို့
လင်းပါအိုအတွက်လည်း တွက်ခြေကိုက်လေသည်။
ထိုလုပ်ငန်းမှပင် လင်းပါအိုသည် အကျိုးအမြတ်များစွာ ရရှိလျက် ရှိသည်။
တကယ့်လက်တွေ့တွင် ရရှိသော အကျိုးအမြတ်မှာ
မပြောပလောက်သော်လည်း ပစ္စည်းများစွာ စုပေါင်းလိုက်လျှင်မူ ရရှိသည့်
ပမာဏမှာ အလွန်များပြားလှပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now