Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"

264 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 260

“နှိပ်စက်ခံနေရသကဲ့သို့”

လက်တွေ့ အဖြစ်အပျက်များသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်တတ်ကြသည်။

ရဲရှောင်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူထူနေခြင်းမှ ကာကွယ်ရန် ကြိုးစားသည့်အနေဖြင့် ရေခဲနှလုံးသား ကျင့်စဉ်ဟု အမည်ရသည့် ကျင့်စဉ်အား နှလုံးသွင်း၍ ကျင့်နေမိသည်။

ထိုအချိန်မှာပင် ရေကျသံများကြားမှ ပိုင်အာ၏ အသံအား ကြားလိုက်ရသည်။

“အစ်ကိုကြီးရှောင် . . .”

ချွဲချွဲနွဲ့နွဲ့ဖြင့်ပင် ခေါ်လိုက်သည့် ပိုင်အာ၏ အသံကြောင့် ရဲရှောင်တစ်ယောက် သမာဓိပျက်ချင်သလိုပင် ဖြစ်သွားခဲ့သည်။ သို့သော် သူ၏ စိတ်အား တည်ငြိမ်အောင် ထိန်းလိုက်ရင်း ချောင်းတစ်ချက် နှစ်ချက်ခန့် ဟန့်လိုက်ကာ -

“ဘာလဲ . . . ပြောလေ . . ."

“ကျွန်မ သိချင်တာ တစ်ခုရှိလို့ပါ . . .”

“ကျွန်မရင်ဘတ်က ယောင်နေတဲ့ အလုံး နှစ်လုံးက ဘာတွေလဲဟင်။ အရင်က ကျွန်မမှာ ရှိတယ်လို့တောင် သတိမထားမိခဲ့ဘူး။ ကျွန်မထင်တာတော့ တစ်ခုခုနဲ့ ရိုက်မိလို့ ယောင်ကိုင်းသွားတာ ဖြစ်မယ်။ ဒါပေမယ့် ရက်လည်း အတော်ကြာနေပြီ နည်းနည်းလေးတောင် အယောင် မကျသွားပါလား။ နာလည်းမနာဘူး၊ ဒါပေမယ့် . . .”

ပိုင်အာသည် စိတ်ရှုပ်ထွေးနေသည့် အသံမျိုးဖြင့် ရဲရှောင်အား ပြောလိုက်သည်။

ရဲရှောင်သည် ထိုစကားများအား ကြားလိုက်ရသောအခါ ပိုင်အာ၏ ဖြူဖွေးဝင်းမွှတ်နေသည့် ရင်သားနှစ်မွှာအား မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်းပင် မြင်ယောင်သွားခဲ့သည်။ နဂိုတည်းကပင် မွှန်ထူနေသော သူ၏ နှာခေါင်းသည်လည်း ယခုအခါတွင် ထိန်းနိုင်ခြင်းမရှိတော့ဘဲ သွေးများ စီးကျလာလေသည်။ သွေးများသည် ရေပန်းတစ်ခုကဲ့သို့ပင် ပန်းထွက်လာခြင်း ဖြစ်သည်။

ရဲရှောင်လည်း ကမန်းကတမ်းပင် သွေးများအား သုတ်လိုက်သည်။ သူ၏ အဖြစ်အား တွေးလိုက်မိ၍ ငိုချင်သွားမိသော်လည်း မျက်ရည်မှာမူ မထွက်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz