Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"

243 24 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 344

“လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း”

စပါးကျီသည် အပြာရောင်လေ နိုင်ငံတော်မှ သူလျှိုအဖွဲ့ဝင်များ အခြေစိုက် နေထိုင်ရာ နေရာဖြစ်ကြောင်း သိနေသောသူသာလျှင် ယခုကဲ့သို့ အချက်အလက်များ ပေးပို့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် မိမိတို့မှတစ်ဆင့် အပြာရောင်လေနိုင်ငံတော်၏ ကျန်သူလျှိုများ အားလုံးထံသို့ ဖြန့်ဝေပေးနိုင်မည် မဟုတ်ပါလော။

ယခုကဲ့သို့ မြေပုံအား ပြောင်မြောက်စွာ ရေးဆွဲနိုင်သော လူသည် သူလျှိုများ၏ သရုပ်အမှန် သိရှိနေသူသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် သူလျှိုများ၏ စိတ်ထဲတွင် စိုးရိမ်မကင်း ဖြစ်နေမိကြသည်။

(ဒါဘယ်သူပါလိမ့် . . . ငါတို့ကို ရန်ငြိုးရှိတဲ့ပုံ မပြတဲ့အပြင် ကူတောင် ကူညီသွားသေးတယ်။ ဒါပေမယ့် ငါတို့ရဲ့ လျှို့ဝှက်ချက်ကို သိနေတာတော့ ကောင်းတဲ့အချက် မဟုတ်ဘူး . . .)

ထိုလူများသည် အသည်းအသန် စဉ်းစားနေကြသည့်တိုင် အဖြေမထွက်ကြချေ။ နောက်ဆုံးတွင်မူ မြေပုံလာပေးသောသူသည် သေချာပေါက်ပင် သူတို့၏ ရန်သူ မဟုတ်နိုင်ဟူသော အဖြေဖြင့်သာ ကျေနပ်လိုက်ကြလေသည်။

. . .

ရဲရှောင်သည် အိမ်မှ ယူစရာရှိသည်များ ယူပြီးသည်နှင့် နင်ဘီလျူနှင့်အတူ သူ၏ လျှို့ဝှက်နေရာသို့ ထွက်လာခဲ့ကြသည်။ ထိုနေရာသို့ ရောက်သောအခါ ရဲရှောင်သည် လျူချန်းဂျန်အား ခေါ်လိုက်သည်။

လျူချန်းဂျန်သည် နင်ဘီလျူအား မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ အမြဲလိုလိုပင် အေးစက်စက်သာ ရှိနေတတ်သည့် လျူချန်းဂျန်သည် စိတ်လှုပ်ရှားသွားသည့်ပုံပင်။

မော်တယ်ကမ္ဘာတွင် နင်ဘီလျူသည် လုပ်ကြံသတ်ဖြတ်သူများ အားလုံး၏ စံပြပင် ဖြစ်၏။

နင်ဘီလျူသည် နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်အဖြစ် ရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိနေပြီ ဖြစ်သည်။ မည်သူမျှ သူ၏ နံပါတ် ၁ ဆိုသော နေရာအား လုမယူနိုင်ကြချေ။ သို့သော် နင်ဘီလျူ၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့မှာမူ အဆင့်မမီလှချေ။
ထိုသည်ပင်လျင် လျူချန်းဂျန်အတွက် နင်ဘီလျူအား နားမလည်နိုင်သော အချက်ဖြစ်လေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now