Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"

270 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 248

“ကျုပ်မှာအချိန်မရှိဘူး”

ရဲရှောင်တစ်ယောက် စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်မိရင်း -

(နောက်ဆုံးတော့ ခင်ဗျား နားလည်သွားပြီပေါ့။ ကျုပ်ကုသမှုကို လက်မခံဘဲ ခေါင်းမာနေမယ်ဆိုရင် ခင်ဗျားကတော့ သေမှာပဲ။ တကယ်လို့ ခင်ဗျားသာ သေသွားခဲ့ရင် လျန်လျန်နဲ့ ပြန်တွေ့တဲ့အခါကြ ကျုပ်အပြစ်မဟုတ်တောင် စိတ်မသန့်သလို ခံစားနေရမှာတော့ အမှန်ပဲ . . .)

ပိုင်ရှင်းယွဲ့သည် ခေါင်းငုံ့လျက် -

“ကျေးဇူးတင်ပါတယ် ဆရာဖန် . . .”

သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလျက် ရှိသည်။

ဝမ်ရမ်ချူးချူးသည်လည်း ဘေးမှရပ်နေရင်း အလွန်အမင်း ပျော်ရွှင်နေမိသည်။ သို့သော် ရဲရှောင်အား ကြည့်ရင်း စိုးရိမ်စိတ်များလည်း ဖြစ်ပေါ်သွားခဲ့မိသည်။

ဝမ်ရမ်ချုးချုးသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် ပိုင်ရှင်းယွဲ့ထက် ပို၍ နားလည်သူတစ်ဦး ဖြစ်ရုံသာမက တော်ဝင်မျိုးနွယ်အတွင်း ကြီးပြင်းလာခဲ့သူ ဖြစ်သောကြောင့် လူ့စိတ်သဘောထားအား ကောင်းစွာသိနေလေသည်။

ပိုင်ရှင်းယွဲ့သည် ယောကျာ်းတိုင်းအား ဆွဲမက်ယစ်မူးစေလောက်သည့် အလှမျိုး သူ့ထံတွင်  ရှိနေကြောင်း သူ့ကိုယ်သူ မသိချေ။ ဝမ်ရမ်ချူးချူးမှာမူ ထိုအချက်အား ကောင်းစွာ သိလေသည်။ ပိုင်ရှင်းယွဲ့သည် ယင်ဖိုပင် တစ်ခါမျှ မသန်းဖူးသေးသော ပြစ်မျိုးမှည့်မထင် လှပသည့် အပျိုစင်တစ်ဦး ဖြစ်သည်။ ထိုအချက်တစ်ချက်တည်းဖြင့်ပင် ယောကျာ်းတိုင်းအား ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အလှဆုံးသော မိန်းကလေးများထဲမှ တစ်ဦးအပါအဝင်ဟု ဆိုရပေမည်။

ပိုင်ရှင်းယွဲ့၏ အလှအောက်တွင် မည်သည့်ယောကျာ်းသားမျှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။

(ဖန်ဇီလင်များ ဆရာ့အလှမှာ ယစ်မူးသွားမလား မသိဘူး . . .)

ဝမ်ရမ်ချုးချုး၏ စိတ်ထဲတွင် စိုးရိမ်စိတ်များဖြင့် ရင်ပူလျက် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now