Chapter - 233"ကယ်တင်ခြင်း (၂)"

266 21 1
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 233

“ကယ်တင်ခြင်း (၂)”

ရဲရှောင်သည် မိန်းကလေးအား ကယ်တင်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ အရှိန်ဖြင့် ကျလာသည့်အတွက် အောက်သို့ပြုတ်ကျစဉ် အထိမနာစေရန် သူ၏ စွမ်းအားများဖြင့် အဝေးမှ ပင့်ပင့်၍ ထိန်းထားပေးနေရသည်။

ယခင်ဘဝတွင် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသူပီပီ ဖြစ်ပေါ်နေသည့် အခြေအနေများအား ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိလေသည်။ တဖြည်းဖြည်းချင်း ကျလာသည့် အရှိန်အား ထိန်းထားနေရသည့်အတွက် ရဲရှောင်သည် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း လက်ဆန့်တန်း၍ ပတ်ပြေးနေရသည်။ နောက်ဆုံးတွင် သူနှင့် အနီးဆုံးသို့ မိန်းကလေး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် မိန်းကလေး၏ ခန္ဓာကိုယ်မှ အရိုးကျိုးသွားသည့် အသံအား ကြားလိုက်ရသည်။

မိန်းကလေးထံမှ ညည်းညူသံသဲ့သဲ့ ထွက်လာပြီး ပါးစပ်မှလည်း သွေးအချို့ အန်ထွက်လာခဲ့သည်။ နောက်ဆုံးတွင်မူ မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အရိုးကျိုးသွားသည့်အတွက် ရဲရှောင် လန့်သွားမိသည်။

သူအကောင်းဆုံး ကြိုးစားခဲ့သည့်တိုင် မိန်းကလေး
သည် အရိုးကျိုးသွားခဲ့ရသည်။ ထိုမိန်းကလေး၏ ခါးသည် အလွန်သေးလှသောကြောင့် စွမ်းအင်များ၏ သက်ရောက်မှုဒဏ်အား မခံနိုင်ဘဲ ကျိုးသွားခြင်းသာ ဖြစ်နိုင်ကြောင်း ရဲရှောင် တွေးလိုက်မိသည်။

ရဲရှောင်သည် အလျင်အမြန်ပင် မိန်းကလေး၏ အနားသို့ သွားလိုက်ကာ အခြေအနေများအား စစ်ဆေးကြည့်လိုက်သည်။

စိုးရိမ်စိတ်ကြောင့် ဗျာများနေသည့် ရဲရှောင်တစ်ယောက် ထွေထွေထူးထူး တွေးနေချိန် မရချေ။ မှောက်လျက်လဲကျနေသော မိန်းကလေးအား အလောတကြီးပင် ပွေ့လိုက်မိသည်။ ထိုအခါ သူ၏လက်မှ နူးညံ့သော အထိအတွေ့တစ်ခုအား ခံစားလိုက်ရသည်။ သူ၏ လက်တစ်ဖက်ဖြင့် မိန်းကလေး၏ တင်ပါးအား ကိုင်လိုက်မိပြီး ကျန်တစ်ဖက်မှာမူ အိစက်နေသော ရင်သားအစုံအား ကိုင်လိုက်မိခြင်းပင် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now