မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 350
“အသေအချာ သိသွားကြခြင်း”
အနက်ရောင်ဝတ်လူမှ ရယ်မောလျက် -
“သနားစရာ နေရောင်ဂိုဏ်းပါလား . . . တော်တော် အမြင်မရှိတဲ့ လူတွေပဲ။ မင်းတို့က ငါ့ကို အနန္တသူတော်စင်နဲ့ မှားပြန်ပြီ ဟားဟားဟား . . . တော်တော် ရယ်စရာ ကောင်းတာပဲ။ မျက်လုံးတွေ ရှိကြပေမယ့် ကန်းနေကြတာပါလား . . .”
ဂျိချန်းဖန် မဲ့ပြုံးပြုံးလိုက်ရင်း -
“တကယ်လား . . . ငါတို့ကပဲ မင်းကို လူမှားနေတာပေါ့ ဟုတ်လား . . .”
အနက်ရောင်ဝတ်လူမှ -
“ဒါပေါ့။ အနန္တသူတော်စင်နဲ့ ကျုပ်တော်တော်ပဲ တူနေလို့လား။ ခင်ဗျားတို့က ဘာကြောင့် သေချာပေါက် ပြောနိုင်နေကြရတာလဲ . . .”
ဂျိချန်းဖန် ဒေါသထွက်နေသည့် အသံဖြင့် -
“မင်းငါတို့ကို လာမလှည့်စားနဲ့။ မင်းအနန္တသူတော်စင်ဆိုတာ ကောင်းကောင်း သက်သေပြပေးလို့ ရတယ် . . .”အနက်ရောင်ဝတ်လူလည်း ရယ်မောလိုက်ကာ -
“ဘယ်လိုနည်းလမ်းနဲ့လဲ . . . ဘယ်လိုသက်သေပြမှာလဲ။ ခင်ဗျားက ကျုပ်မျက်နှာဖုံး ချွတ်စေချင်နေတာလား . . .”
ဂျိချန်းဖန်မှ အနက်ရောင်ဝတ်လူအား မုန်းတီးသည့် အကြည့်များဖြင့် ကြည့်လိုက်ရင်း -
“ငါတို့ အနန္တသူတော်စင် မျက်နှာကို မမြင်ဖူးပါဘူး။ မင်းမျက်နှာဖုံးကို ချွတ်ရင်တောင် မင်းကို ငါတို့ သိမှာ မဟုတ်ဘူး။ ငါ့မှာ ပိုလွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိတယ်။ မင်းဘက်က တစ်ခုလောက် ဖြေပေးရုံပဲ။ အဲဒါမှ ငါတို့ မင်းကို အနန္တသူတော်စင် ဟုတ်မဟုတ် သိနိုင်မှာ . . .”
“ဘာဖြေပေးရမှာလဲ . . .”
“ဒီလိုလေ . . .”
ဂျိချန်းဖန်၏ မျက်လုံးများသည် အေးစက်စက် ဖြစ်သွားကာ -
“အနန္တသူတော်စင်က ခွေးမသား မျိုးမစစ်ကောင်မလား . . .”
အနက်ရောင်ဝတ်လူသည် နှုတ်ဆိတ်သွားသည်။ သူ၏ မျက်လုံးများသည် အေးစက်စက် ဖြစ်သွားကာ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ထွက်လာသည်။
DU LIEST GERADE