Chapter (413)"ခင်ဗျားမှာအကူရှိတယ်"

209 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (413)

“ခင်ဗျားမှာအကူရှိတယ်”

ရဲရှောင် ယင်ယန်မျက်လုံးအား အသုံးပြုလိုက်ချိန်တွင် စွမ်းအင်သိုလှောင်ရာ တစ်ချက် တုန်ခါသွားပြီး ရောင်စုံချီဓာတ်များသည် သူ၏ မျက်လုံးများစီသို့ စီးဆင်းလာကြသည်။

ထိုရောင်စုံချီဓာတ်များမှာ ကောင်းကင်ကံကြမ္မာသစ်ရွက်မှ ချီဓာတ်များပင် ဖြစ်သည်။ ထို့ကြောင့် တခဏချင်းမှာပင် ရဲရှောင်၏ မျက်လုံးများသည် ဝေဝါးနေရာမှ ကြည်လင်လာခဲ့သည်။

ထိုအခါ မီးခိုးရောင် မြူခိုးများ အတွင်း၌ ကြည်လင်သော မျက်လုံးများနှင့် ဖြူဖွေးသော သွားလေးများ ရှိသည့် မိန်းကလေးငယ်တစ်ဦး ပေါ်လာသည်။ ထိုမိန်းကလေးသည် နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ကျောင်းဖင်းရှန်၏ နောက်မှ စိုးရိမ်တကြီးဖြင့် ကြည့်နေလျက် ရှိသည်။

မိန်းမပျို၏ မျက်ခုံးမွှေး နှစ်ခုကြားတွင် မှဲ့နီလေးတစ်လုံး ရှိနေပြီး ထိုမှဲ့ကြောင့်ပင် သူမ၏ အလှသည် ပိုမို၍ ချစ်စဖွယ် ကောင်းနေသလိုပင် ဖြစ်နေသည်။

ရဲရှောင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩသွားမိသည်။

(ဘာလဲဟ . . .)

“ချွင် . . .”

ထိုအချိန်တွင် ကျောင်းဖင်းရှန်သည် ဓားအား ဓားအိမ်ထဲမှ ထုတ်လိုက်ပြီ ဖြစ်သည်။ ဓားထုတ်လိုက်သည့် အရှိန်ကြောင့် လေဟာနယ်ပင် တုန်ခါသွားခဲ့သည်။ ထို့နောက် အေးစက်သော ဓားအလင်းတန်း တစ်ခုသည်လည်း ထွက်ပေါ်လာခဲ့သည်။

“ဖန်ဧကရာဇ် . . . ခင်ဗျားကတော့ အရှုပ်ထုပ်ထဲ ဝင်ပါလိုက်တာ ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုပဲ။ ခင်ဗျားဘက်က တိုက်ကွက်ထုတ်ပါ။ ဒီနေ့က ခင်ဗျား သေတဲ့နေ့လား၊ ကျုပ်သေတဲ့နေ့လား ဆိုတာကို ကြည့်ရသေးတာပေါ့ . . .”

ကျောင်းဖင်းရှန် ရဲရှောင်အား ကြည့်ရင်း ပြောလိုက်သည်။

ရဲရှောင် ကျောင်းဖင်းရှန်၏ စကားအား အာရုံမရှိဘဲ မြူခိုးများကိုသာ စိုက်ကြည့်နေတုန်းပင် ဖြစ်သည်။ မြူခိုးအတွင်းမှ မိန်းကလေးသည် ကျောင်းဖင်းရှန်အား စိုးရိမ်နေသည့်ပုံပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now