Chapter (489)"ခြိမ်းခြောက်မှု"

257 24 0
                                    

Chapter (489)

“ခြိမ်းခြောက်မှု”

ရဲရှောင် ပြောလိုက်သော စကားလုံးများသည် စိတ်ထဲရှိသည့်အတိုင်း အမှန်ပင် ဖြစ်၏။ ဟန်ဆောင်နေခြင်းမျိုး မဟုတ်ပေ။

ဘဝတွင် ကိုယ်ကျင့်သိက္ခာနှင့် စံသတ်မှတ်ချက် ဟူ၍ မရှိလျှင် ရှင်လျက်နှင့် သေရသည့် လူမျိုးပင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ ဘဝသေနေသည့် အဖြစ်မျိုးကို မည်သူမျှ ပျော်ရွှင်စွာ လက်ခံမိကြလိမ့်မည် မဟုတ်ပေ။
ရဲရှောင်သည် ခြိမ်းခြောက်ခံရခြင်းကို အမုန်းဆုံးပင် ဖြစ်၏။

သူမလုပ်ချင်သည့် အရာကို အင်အားသုံး၍ အတင်းအကျပ် ခြိမ်းခြောက်မည်ဆိုလျှင် ဘယ်တော့မျှ လုပ်လိမ့်မည် မဟုတ်ပေ။ ထို့အတူ သူလုပ်ချင်နေသည့် အရာပင် ဖြစ်လင့်ကစား အတင်းလုပ်ခိုင်းမည် ဆိုပါကလည်း လုပ်မည် မဟုတ်ချေ။

(ငါလုပ်ချင်လုပ်မယ်၊ မလုပ်ချင် မလုပ်ဘူး၊ ငါ့ကို ဘယ်သူမှ တားဆီးလို့ မရစေရဘူး၊ ငါ့ကို ခြိမ်းခြောက် လာမယ်ဆိုရင် ပိုတောင် မလုပ်သေးတယ်။ အသက်သာ အသေခံလိုက်မယ်။ အသက်မရှိတော့တဲ့ လူတစ်ယောက်ကို ထပ်ပြီး ခြိမ်းခြောက်နိုင်မယ်များ ထင်နေတာလား . . .)

ထိုအချက်သည် ရဲရှောင်၏ အကျင့်ဟု ဆိုရမည် ဖြစ်ပေသည်။

ဝမ်အာနှင့် ချူးအာတို့သည် မော်တယ်ကမ္ဘာတွင်သာမက ချင်းယန်နယ်ပယ်တွင်ပင် ပြိုင်ဘက်မရှိသော ပညာရှင်များ ဖြစ်ကြ၏။ လင်းဝုရှဲ့ဆိုလျှင် သူမတို့ထက် ၁၀ ဆက်လောက်ပင် ပို၍ ကြောက်စရာ ကောင်းပေလိမ့်မည်။ ကမ္ဘာတစ်ခုလုံးကို လက်တစ်ဖက် ဝေ့ယမ်းရုံဖြင့်ပင် ဖျက်ဆီးပစ်နိုင်၏။ သို့သော်လည်း ယခုအခါတွင် ထိုလူများ အားလုံးသည် မောင်းထုတ်ခံနေရပြီ ဖြစ်၏။
လင်းဝုရှဲ့တစ်ယောက် ဆွံ့အလျက် ရှိနေသည်။ ယခုအခြေအနေကို မည်သို့ အဖတ်ဆယ်ရမှန်းပင် မသိတော့ပေ။ ဝမ်အာနှင့် ချူးအာတို့သည်လည်း စွန့်အလျက် ရှိနေကြ၏။

(သူဘာလို့ ဒီလောက်ထိ စိတ်ဓာတ်ပြတ်သားနေရတာလဲ၊ အခြေအနေတွေကိုတောင် ဘာမှ မပြောရသေးဘူး၊ သူက ငြင်းမယ် ဆိုတာချည်းပဲ။ လုံးဝကို လက်မခံတဲ့ ပုံစံ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now