Chapter - 349"လှုပ်ရှားခြင်း"
244 17 0
မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 349
“လှုပ်ရှားခြင်း”
ထိုလူ ဝတ်ဆင်ထားသော အနက်ရောင် ဝတ်ရုံသည် လေထဲတွင် တလူလူလွင့်လျက် ရှိပြီး လက်ထဲတွင်လည်း မည်သည့်လက်နက်မှ မကိုင်ဆောင်ထားချေ။
“ဘယ်သူလဲ . . .”
အားလုံး၏  စိတ်ထဲတွင် ထိုအနက်ရောင်ဝတ်လူအား ရင်းနှီးနေသကဲ့သို့ ခံစားနေကြရသော်လည်း မည်သူ မည်ဝါမှန်း အတိအကျ မခန့်မှန်းတတ်အောင်ပင် ဖြစ်နေကြသည်။
“ဟဲဟဲ . . .”
အနက်ရောင်ဝတ်လူသည် အေးစက်စက် ရယ်မောလိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ -
“ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်သလဲ။ ထိုးခံထားရတာလည်း ကြည့်ပါဦး။ ဘယ်လောက် သနားဖို့ကောင်းလဲ။ လက်တွေဆိုလည်း အဆစ်ကကို ပြုတ်ထွက်နေတာ ကြာပန်းရဲ့ အမြစ်တွေ ကျနေတာပဲ . . .”
ထို့နောက် ခေါင်းခါယမ်းလိုက်ပြန်ရင်း -
“ငါတို့အားလုံးက လိမ္မာပါးနပ်တဲ့ လူတွေချည်းပဲလို့ ထင်တယ်။ ဒီလိုလုပ်ကွာ၊ ငါတို့တွေ ကဗျာစပ်တိုင်း ကစားကြမယ်။ မင်းတို့ဘက်က ကျေနပ်လောက်တဲ့ အဖြေမျိုး ပေးနိုင်မယ်ဆိုရင် ဆုချမယ်ကွာ . . .”
ထို့နောက် ထိုလူသည် သေချာ စဉ်းစားနေသည့်ဟန်ဖြင့် ခဏတာမျှ ငြိမ်သွားပြီးနောက် -
“အင်း . . . ပထမအကြောင်းကို စစပ်ရမယ်ဆိုရင် အချစ်ဆိုတဲ့ အရာက ဘာတွေကို ဖြစ်ပေါ်စေနိုင်လဲ . . . ကဲ . . . မင်းတို့ဘက်က ဆက်ပြောကြည့် ဟားဟားဟား . . .”
အနက်ရောင်ဝတ်လူသည် ပထမအကြောင်း စပ်ဆိုပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောနေပြန်သည်။
နေရောင်ဂိုဏ်းမှ လူများအား စော်ကားနေရသည့်အတွက် အလွန်အမင်း ကျေနပ်နေသည့် ပုံပင်။
“သောက်ရူးကောင်ပဲ . . .”
နေရောင်ဂိုဏ်းမှ လူများ၏ ဒေါသများသည် ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုကဲ့သို့ပင် ဖြစ်နေကြသည်။
(ဒီသောက်ရူးက ဘယ်ကနေ ရောက်လာတာပါလိမ့်။ တော်တော်လည်း ပါးစပ်ဖွာတဲ့ကောင်ပဲ။ ငါတို့ကိုလည်း ဆက်တိုက်ကို စော်ကားနေပါလား။ တမင်ကို လုပ်နေသလိုပဲ . . .)