Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"

426 29 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 209

“ရှင်လုပ်နိုင်ပါတယ်”

ရှောင်ဧကရာဇ်မှ -

“အခုဆိုရင် ထင်ပေါ်ကျာ်ကြားတဲ့ လူတွေက သူတို့ရဲ့ နာမည် ပေါ်လွင်လာအောင် ပိုကြိုးစားလာကြတယ်။ ငါတို့ သူ့နာမည်ကို မင်းနာမည်နဲ့ တွဲထားလိုက်မယ် ဆိုရင် ဘယ်လိုလဲ။ အဲဒါဆိုရင် အင်အားစု တော်တော်များများက မင်းကို ရှိန်နေကြတော့ သူ့ကိုလည်း နှောင့်ယှက်ရဲကြမှာ မဟုတ်ဘူး . . .”

ကျွင့်ယင်းလျန်သည် မျက်လုံးအဝိုင်းသားဖြင့် -

“အဲ့ဒီလို လုပ်ရင်ပဲ ကောင်းမလား . . .”

ရဲရှောင်မှ -

“မင်းက တိမ်မြူခိုးနန်းတော်က လူတွေအကုန်လုံးကို ကာကွယ်ပေးချင်တာ မဟုတ်ဘူး။ အဲဒီကောင်မလေး တစ်ယောက်တည်းကိုပဲ သဘောကျနေတာ ဟုတ်တယ်မလား . . .”

ကျွင့်ယင်းလျန်သည် ခေါင်းညိတ်ပြလိုက်ရင်း -

“အင်း . . . ဟုတ်တယ် . . .”

ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း -

“အင်း . . . အဲ့ဒါဆိုရင် တိမ်မြူခိုး ပိုင်ရှင်းယွဲ့ အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန်။ အဲဒီလို နာမည်ပေးလိုက်မယ် ဆိုရင်ရော . . .”

ကျွင့်ယင်းလျန်သည် အားရဝမ်းသာဖြင့်ပင် -

“ကောင်းလိုက်တာ . . . တကယ်ကောင်းတယ်၊ အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန်။ ဒါနဲ့ ရှင့်နာမည်ရော မထည့်တော့ဘူးလား . . .”

ရဲရှောင် ခေါင်းခါယမ်းလိုက်ရင်း -

“မင်းတို့ နှစ်ယောက် နာမည်ထည့်တာပဲ ကောင်းပါတယ်။ ငါတော့ မပါသေးဘူး . . .”

“ရှင့်နာမည် ထည့်လိုက်ရင် ပိုပြီးကောင်းမယ်ထင်တယ်။ ဒီလိုဆိုရင်ရော တိမ်မြူခိုး ပိုင်ရှင်းယွဲ့၊ အဆုံးမရှိကောင်းကင် ကျွင့်ယင်းလျန်၊ မုန်တိုင်း ရှောင်ဧကရာဇ်။ အဲ့ဒါဆိုရင် တော်တော် ပြည့်စုံသွားမှာ။ အဲ့ဒီစကားစုကို ကြားတာနဲ့ ဘယ်သူမှ ကျွန်မတို့ကို နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora