Chapter - 234"အ‌စေ‌ခံ (၁)"

272 21 1
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 234

“အ‌စေ‌ခံ (၁)”

သာမန်ဖေးယွမ်ဆေးလုံး ဆိုလျှင်ပင် သာမန်လူများအဖို့ အားအင်များ ပြည့်ဖြိုးလာစေမည် ဖြစ်သည်။ ယခု ရဲရှောင် အသုံးပြုလိုက်သော ဆေးလုံးသည် ထူးခြားအစွမ်းထက်သော ဖေးယွမ်ဆေးလုံးပင် ဖြစ်သည်။ ထိုဆေးလုံးအား သောက်လိုက်သည်နှင့် မိန်းကလေး ချက်ချင်း ပြန်ကောင်းလာလိမ့်မည်ဟု ထင်နေမိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဆေးလုံး၏ အကျိုးအာနိသင်ကြောင့် အနည်းဆုံး အသက်အန္တရာယ်မှ လွတ်ကင်းနိုင်မည် ဖြစ်သည်။

သို့သော် ယခုအခါ ဖေးယွမ်ဆေးလုံး သောက်ပြီးသည့်တိုင် မိန်းကလေးသည် အနည်းငယ်မျှသာ ပြန်လည်ကောင်းမွန်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ အမြင်စူးရှမှုကြောင့်သာ မဟုတ်လျှင် ထိုကဲ့သို့ အနည်းငယ် ပြောင်းလဲသွားသည်ကိုပင် မြင်နိုင်မည် မဟုတ်ပေ။

မိန်းကလေး၏ အခြေအနေသည် မထူးမခြားနားပင် ဖြစ်လျက်ရှိသည်။ အချိန်မရွေး သေသွားနိုင်သည့် ပုံစံမျိုး ပေါက်နေလေသည်။

“ဘယ်လို ဖြစ်တာလဲဟ . . . ငါသာ သူ့ခန္ဓာကိုယ်ကို မစစ်ဆေးမိရင် ထိပ်တန်းအဆင့် ပညာရှင် တစ်ယောက်လို့ပဲ ထင်နေမိမှာ။ ထူးဆန်းလိုက်တာ . . . ဒီဖေးယွမ်ဆေးလုံးက သာမန်လူတစ်ယောက်ကိုတောင် ဘာမှ မထူးခြားသွားစေပါလား . . .”

ရဲရှောင် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။

ဖေးယွမ်ဆေးလုံးသည် အလုပ်မဖြစ်သဖြင့် ထိုဆေးလုံးအား ထပ်မံအသုံးပြုပါက ဖြုန်းတီးနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ရဲရှောင်သည် သူ၏ ရေဟင်းလင်းပြင် အတွင်းမှ သလင်းကျောက်ကဲ့သို့ ကြည့်လင်လှသည့် အပြာရောင်ရေစက် နှစ်စက်အား ထုတ်ကာ နောက်ထပ် ဖေးယွမ်ဆေးလုံးတစ်လုံးနှင့်အတူ ထပ်မံ၍ ကြိုးစားကြည့်လိုက်ပြန်သည်။ ထိုအရာနှစ်ခုသည် ကောင်းစွာ ဓာတ်ပြု၍ မိန်းကလေး၏ ဒဏ်ရာများအား သက်သာစေလိမ့်မည်ဟု ရဲရှောင် တွေးမိပြန်သည်။ နောက်ဆုံးတွင် မိန်းကလေး၏ အသက်ရှူသံများသည် ပုံမှန်ဖြစ်လာခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now