Chapter - 228"မိုးရွာတုန်း ရေခံ"

287 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 228

“မိုးရွာတုန်း ရေခံ"

ရဲရှောင်သည် လက်ရှိအချိန်တွင် အဆင့်နိမ့်သေးသော်လည်း ယခင်ဘဝ၌ ပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့သောကြောင့် ရာသီဥတုပြောင်းလဲနေမှုအား သတိပြုမိနေခြင်း ဖြစ်သည်။

ကောင်းကင်ထက်တွင် တိုက်ခိုက်နေသည့် လူနှစ်ယောက်သည် အလွန်အစွမ်းထက်သော ပညာရှင်များပင် ဖြစ်လိမ့်မည်ဟု ရဲရှောင် ခန့်မှန်းလိုက်သည်။

မူလတာအိုအဆင့်၏ အမြင့်ဆုံးအဆင့်များပင် ဖြစ်နိုင်သည်။

ချင်းယန်နယ်ပယ်ထက် ပို၍ အဆင့်မြင့်သည့် နယ်ပယ်သို့ တက်လှမ်းနိုင်တော့မည့် ပညာရှင်များဟု ဆိုရလျှင်လည်း မမှားချေ။

ပညာရှင်နှစ်ဦးကြောင့် ရဲရှောင် အလွန်အမင်း အံ့သြနေမိသည်။ ရှောင်ဧကရာဇ်ဘဝတွင် ချင်းယန်နယ်ပယ်၏ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း သူ့ထက် များစွာ အစွမ်းထက်သော ပညာရှင်များလည်း သေချာပေါက် ရှိနေပေလိမ့်မည်။ ထိုပညာရှင်များသည် ထင်ထင်ပေါ်ပေါ်မနေဘဲ ပုန်းလျှိုးကွယ်လျှိုး နေကြသည်သာ များသည်။ အကြောင်းအရာ မည်မည်ရရ မရှိဘဲ ယခုကဲ့သို့ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ပညာရှင်ကြီးနှစ်ဦး လာရောက်တိုက်ခိုက်နေသော နေရာသည် မော်တယ်ကမ္ဘာတွင်ဖြစ်ပြီး သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် ရာသီဥတုပင် ပြောင်းလဲသွားရသည်။

အဘယ့်အတွက်ကြောင့် မော်တယ်ကမ္ဘာတွင် လာရောက်တိုက်ခိုက်နေကြသည်ကို ရဲရှောင် စဉ်းစား၍ မရအောင်ပင် ဖြစ်နေမိသည်။

မော်တယ်ကမ္ဘာသည် ချင်းယန်နယ်ပယ်ထက် များစွာ အဆင့်နိမ့်သော နယ်ပယ်တစ်ခုပင် ဖြစ်သည်။ ပညာရှင်ကြီးနှစ်ဦးအနေဖြင့် အပြန်အလှန် တိုက်ခိုက်ရင်းဖြင့် မော်တယ်ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးမိသွားမည်ကို စိုးရိမ်သင့်ပေသည်။

ရဲရှောင်အဖို့ တွေးလေ တွေးလေ နားမလည်နိုင်အောင်ပင် ဖြစ်နေသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များအကြားလျှပ်စီးများသည်လည်း အချိန်တိုင်း လင်းလက်နေကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now