Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"

279 24 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 224

“ဝမ်းနည်းနေသောဆောင်ဂျု”

အမှောင်ထဲမှ မိန်းမပျိုသည် မခိုးမခန့်ပင် ပြုံးလိုက်သည်။ ထို့နောက် သူမ၏ အဆုံးမရှိသော စိတ်ဝိညာဉ် စွမ်းအားများအား ပတ်ဝန်းကျင် အနှံ့သို့ ဖြန့်ကျက်လိုက်သည်။ ထိုအခါ တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ချန်ရှင်းမြို့တော် တစ်ခုလုံးသည် ရှင်းလင်းပြတ်သားစွာဖြင့် သူမ၏ စိတ်အာရုံထဲတွင် ပေါ်လာလေသည်။

သူမ ရှိနေသော နေရာနှင့် မိုင်ငါးထောင် ပတ်လည်အတွင်း ဖြစ်ပျက်နေသော ကိစ္စမှန်သမျှအား တွေ့မြင်နေရခြင်းဖြစ်ပြီး အပ်ကျသည်ကအစပင် မြင်တွေ့နေရလေသည်။

သို့သော် ခဏအကြာတွင် ဖြန့်ကျက်ထားသော သူမ၏ စိတ်စွမ်းအင်များအား ချက်ချင်းဆိုသလိုပင် ပြန်ရုတ်သိမ်းလိုက်သည်။ ရဲရှောင်အား ရှာဖွေရန်အတွက် စိတ်စွမ်းအင်များ ဆက်လက် အသုံးပြုရမည် ဖြစ်သော်လည်း ပြန်သိမ်းလိုက်မိသည်။ ရှက်ရွံ့စိတ်ကြောင့် သူ၏ မျက်နှာ တစ်ခုလုံး ရေနွေးပူနှင့် ပက်ခံလိုက်ရသကဲ့သို့ ရှိန်းခနဲပင် ဖြစ်သွားခဲ့သည်။

“အရှက်မရှိလိုက်ကြတာ . . .”

မိန်းမပျိုသည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်အာရုံထဲတွင် လင်မယား စုံတွဲပေါင်း ထောင်ကျော်ခန့် လိင်ဆက်ဆံနေကြသည်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ လိုက်ရသောကြောင့်ပင် ဖြစ်သည်။

ထို့ပြင် မိန်းကလေးငယ် အချို့အား အတင်းအကြပ် အဓမ္မကျင့်ရန် ကြိုးစားနေသူများကိုပင် မြင်တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် မိန်းမပျိုသည် ဒေါသထောင်းခနဲပင် ဖြစ်သွားပြီး ကောင်းကင်ထက်သို့ သူမ၏ စွမ်းအား အချို့အား ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအားများသည် အသွားထက်လှသော ဓားများကဲ့သို့ပင် ကောင်းကင်ထက်မှ ပြန်ကျလာပြီး ချန်ရှင်းမြို့၏ နေရာအတော်များများသို့ ကျရောက်သွားလေသည်။

ထိုနေ့ညတွင် မိန်းကလေးများအား အဓမ္မကျင့် စော်ကားတတ်ကြသည့် လူဆိုးလူသွမ်းများသည် ထူးဆန်းစွာ သေဆုံးသွားခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now