Chapter (484)"မန်ဟွာချင်း"

234 21 0
                                    

Chapter (484)

“မန်ဟွာချင်း”

“မိန်းကလေး ဝမ်အာနဲ့ချူးအာ . . . ကျုပ်ဆီက ဘာများ လိုချင်တာ ရှိလို့လဲ . . .”

ရဲရှောင် မိန်းကလေး ၂ ယောက်အား လှမ်းကြည့်ရင်း မေးလိုက်သည်။

ဝမ်အာနှင့် ချူးအာတို့လည်း ဘာပြောရမှန်း မသိအောင်ပင် စိတ်ထဲ ရှုပ်ထွေးသွားကြသည်။ မည်သို့ မေးမြန်းကြရမည်မှန်းလည်း မသိကြချေ။

သူမတို့သည် ဖန်ဇီလင်၏ ရန်သူတော်များ ဖြစ်ကြသည်။ ဖန်ဇီလင်နှင့် သခင်ကြီးဘိုင်တို့သည်လည်း ရန်ဘက်များ ဖြစ်ကြပြီး ၎င်းတို့ ၂ ယောက်လုံး၏ အတွေးများသည်လည်း ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင် ဖြစ်ကြသည်။

မုန်တိုင်းအိမ်တော်သည် အမြဲလိုလို အားလုံးအား အပေါ်စီးမှ ဆက်ဆံနိုင်သော်လည်း ဖန်ဧကရာဇ်မှာမူ ပြန်လည် တွန်းလှန်နိုင်သည့် အင်အားမျိုး မရှိသေးချေ။
သို့သော် ဖန်ဧကရာဇ်သည် အရှုပ်အထွေးများကြားထဲ ကိုယ်ပိုင် အင်အားစုတစ်ခုရအောင် ရပ်တည်၍ ကြိုးစားရုန်းကန်နေရသည်။

တစ်ခါတလေ ဖန်ဧကရာဇ် ထိုသို့ ကြိုးစားရုန်းကန်နေသည်ကို မြင်တွေ့ရတိုင်း မိန်းကလေး ၂ ဦးသည် ကျေနပ်မိကြသည်။

သို့သော် ယခုအခါတွင်မူ ထိုသို့ မတွေးနိုင်ကြတော့ပေ။
သူမတို့သည် အပေါ်စီးမှ ရှိနေနိုင်တုန်းပင် ဖြစ်သော်လည်း အကူအညီ တောင်းကြရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စကြဝဠာအတွင်း သူမတို့ အကူအညီတောင်းသည်ကို ငြင်းဆန်မည့် လူဟူ၍ မရှိပေ။ သို့သော် ဖန်ဇီလင်မှာမူ ထိုသို့ မဟုတ်ချေ။

သူမတို့၏ နဂိုအစီအစဉ်အား ဖျက်လိုက်ရပြီ ဖြစ်သဖြင့် ယခုအခါ မာန်လျော့ရတော့မည် ဖြစ်သည်။ ယခင်အစီအစဉ်သည် လက်ရှိအချိန်တွင်မူ ဟာသပြဇာတ်လုံးလုံး ဖြစ်သွားခဲ့ချေပြီ။

ထိုပြဇာတ်တွင် သူမတို့သည် သွားမရှုပ်သင့်သည့် လူတစ်ယောက်အား သွားရှုပ်မိခဲ့သည်။ ယခုအခါတွင်မူ ထိုလူထံမှာ ပြန်၍ အကူအညီ တောင်းခံရတော့မည် ဖြစ်သည်။

တခဏအကြာမှသာ ဝမ်အာမှ ပြုံးပြလိုက်ရင်း -

“ဖန်ဧကရာဇ် . . . ကျွန်မတို့ ဒီနေ့ ရောက်လာကြတယ် ဆိုတာက . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now