မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 251
“ပဟေဠိဆန်သော ပုစ္ဆာ”
ပိုင်ရှင်းယွဲ့သည် လိမ္မာပါးနပ်သည့် လူတစ်ယောက် ပီပီ ဖန်ဇီလင်၏ စိတ်ထဲတွင် မည်ကဲ့သို့ တွေးနေသည်ကို ရိပ်စားမိလိုက်သည်။ သူကိုယ်တိုင်သည်လည်း မည်သည့်စွမ်းအင်ဖြစ်မှန်း မသိချေ။ ထုိ့ကြောင့် တုန်ယင်နေသော အသံဖြင့် -
“ကျွန် . . . ကျွန်မလည်း မသိဘူး . . .”
ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ်သည် အနည်းငယ် ယောင်ကိုင်းနေသကဲ့သို့ ဖြစ်နေသည်။ မတ်တပ်ရပ်နေရင်းဖြင့် ကြိုးပျက်သွားသည့် လေတံခွန်အလား ရဲရှောင်၏ ရင်ခွင်ထဲသို့ ပုံရက်သား လဲကျသွားပြန်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများသည် နေရာအပြည့်ယူထားလေသည်။
ပိုင်ရှင်းယွဲ့ကိုယ်တိုင်ပင် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ထူးဆန်းသည့် စွမ်းအင်တစ်မျိုးအား ထိတ်လန့်နေမိသည်။
“ခင်ဗျား ဘယ်လိုခံစားနေရလဲဆိုတာ အတိအကျ ပြောစမ်းပါ . . .”
ရဲရှောင်သည် ပိုင်ရှင်းယွဲ့အား ဖေးမထားရင်း မေးလိုက်သည်။
ပိုင်ရှင်းယွဲ့သည် အကြောသေနေသူ တစ်ဦးကဲ့သို့ပင် ရဲရှောင်အား မှီထားရသည်။ ရဲရှောင်သည်လည်း သူမအား ဖက်ထားရသဖြင့် ချစ်သူနှစ်ဦး အပြန်အလှန် ပွေ့ဖက်နေကြသည်နှင့်ပင် တူနေပါသေးသည်။
ပဟေဠိသဖွယ် ထူးဆန်းသော စွမ်းအင်ဆီသို့သာ စိတ်ရောက်နေကြသည့်အတွက် နှစ်ဦးစလုံး၏ အမူအယာများ မည်သို့မည်ပုံ ဖြစ်ပျက်နေကြသည်ကို သတိမထားမိကြချေ။
“ထူးဆန်းတဲ့ စွမ်းအင်တစ်မျိုး ဘယ်ကနေ ဘယ်လို
ထွက်လာမှန်း မသိဘူး။ ရှင်နှိုးဆွပေးလိုက်တဲ့ အချိန်မှာပဲ ကျွန်မ အဲဒီစွမ်းအင်ကို ခံစားမိလိုက်တာ . . .”ပိုင်ရှင်းယွဲ့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသည့် အရိပ်အယောင်များ အထင်းသား မြင်တွေ့နေရသည်။
“ကျွန်မကို တစ်စုံတစ်ခုက လှုံ့ဆော်လိုက်သလိုပဲ။ ရှင် နားလည်အောင် ကျွန်မ ရှင်းပြဖို့က ခက်နေတယ်။ ရှင်ရပ်လိုက်တာနဲ့ အဲဒီစွမ်းအင်လည်း ပျောက်သွားတာပဲ . . .”
YOU ARE READING