Chapter (422)"ယင်ယန်အသီးများ"

234 17 0
                                    

Chapter (422)

"ယင်ယန်အသီးများ"

“သူကပြောသေးတယ် . . . မြို့ထဲမှာ ဂိုဏ်းသားတွေ စုနေတဲ့ ဂိုဏ်းတစ်ဂိုဏ်း ရှိတယ်တဲ့၊ ရှင်သာ ကျွန်မကို တကယ်ချစ်ရင် ဂိုဏ်းဝင်လိုက်လေတဲ့၊ ရှင်က စာရေးတာ ဖတ်တာကလွဲရင် ကျန်တာ ဘာမှ မသိဘူး၊ နောက်ဆုံး တစ်နေ့မှာ အမတ်တစ်ယောက် ဖြစ်လာရင် ဖြစ်လာနိုင်လိမ့်မယ်၊ ဒါပေမယ့် အမှန်တိုင်း ပြောရရင် ရှင်က တိုက်တာခိုက်တာတွေ ခက်ခဲပင်ပန်းတာတွေကို ခံနိုင်ရည်မရှိပါဘူး၊ ကျွန်မ သူရဲဘောကြောင်သူ တစ်ယောက်ကို လက်မထပ်နိုင်ဘူးတဲ့လေ  . . .”

ရဲရှောင် သက်ပြင်းသာ ချလိုက်မိသည်။

ယခုကိစ္စနောက်ကွယ်တွင် အကြောင်းတစ်ခုခု ရှိမည်ဟု သိနေသည့်တိုင် စကားလုံးများမှာ ရင်နာစရာ ကောင်းလှပေသည်။ ယောကျာ်းတစ်ယောက်အဖို့ ထိုစကားလုံးများအား မည်သည့်နည်းနှင့်မျှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

“ကျုပ်ဒေါသတကြီးနဲ့ အော်ပြောမိခဲ့တယ် . . .”

“မင်းစောင့်ကြည့်နေလိုက် . . . အခုကစပြီး သိုင်းကျင့်စဉ်တွေကို ငါစသင်ယူတော့မယ်၊ နောက် ၃ နှစ်ကြာရင် ဒီကောင့်ကို အနိုင်ယူပြမယ်။ ဒါပေမယ့် မင်းသိထားရမှာက ငါဒီကောင့်ကို နိုင်မယ် ဆိုရင်တောင် မင်းကိုတော့ လက်ထပ်တော့မှာ မဟုတ်ဘူး။ မင်းရက်စက်တတ်သလို ငါလည်း ရက်စက်တတ်တယ် ဆိုပြီး ပြောခဲ့မိတယ် . . .”

ကျောင်းဖင်းရှန် နာကျင်စွာဖြင့် ပြုံးလိုက်ပြန်သည်။ အရက်ခွက်အား ကိုင်မြောက်လိုက်ပြန်ရင်း တစ်ကျိုက်တည်း မော့ချလိုက်ပြန်သည်။

အရက်အား ရေလိုပင် သောက်နေသော ကျောင်းဖင်းရှန်အား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင် အံ့ဩသွားမိသည်။

(တော်တော် သောက်နိုင်တဲ့ လူပါလား၊ ခွက်ထဲ ကုန်သွားလို့သာပဲ၊ ဒီလိုမှ မကုန်သေးရင် မကုန်မချင်း သောက်နေတော့မှာ။ ပြောတော့ မသောက်တော့ပါဘူးတဲ့၊ မသောက်ပေလို့သာပဲ သောက်များသောက်ရင် သမုဒ္ဒရာကြီး တစ်ခုလုံးကိုတောင် သောက်ပစ်နိုင်မယ် ထင်တယ် . . .)

“နောက်တော့ သူ့အိမ်ကနေ ပြန်လာခဲ့တယ်။ ကောင်းကင်တစ်ခုလုံး မှောင်မိုက်နေသလို ကျုပ်ရင်ဘတ်တစ်ခုလုံး ကွဲကြေသွားတယ်လို့ ခံစားခဲ့ရတယ်။ ရူးမတတ်ပါပဲဗျာ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now