Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"

243 24 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 275

“အပ်ကိုသုံးတာဘယ်သူလဲ”

သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ နေရောင်ဂိုဏ်းမှ ချန်ယွင်းဖန် ဖြစ်သည်။ ချန်ယွင်းဖန်၏ သေဆုံးမှုမှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်သေးချေ။ အဆင့်နိမ့် သာမန်ပညာရှင်တစ်ဦးသာ ဖြစ်သဖြင့် သူ၏ သေဆုံးမှုမှာ မပြောပလောက်ချေ။ သို့သော် ကြယ်ရောင်ဂိုဏ်းမှ နန်ရှန်ဆင်း၏ သေဆုံးမှုမှာမူ ထူးဆန်းလှသည်။

ထိုမြင်ကွင်းအား မြင်ရသူအပေါင်းအဖို့ ထိတ်လန့်သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။

ချန်ရှင်းမြို့ထဲမှ မည်သို့သောလူသည် နန်ရှန်ဆင်းအား သတ်နိုင်ပေမည်နည်း။

ပညာရှင်များအားလုံးသည် နန်ရှန်ဆင်း၏ အစွမ်းအစအား ကောင်းကောင်းကြီး သိထားကြသည်။

နန်ရှန်ဆင်းအား လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်မည်ဆိုလျှင် ချန်နိုင်ငံတော်မှ ဖမ်းဆီး သတ်ဖြတ် ပြီးသည်မှာ ကြာလောက်ပြီ ဖြစ်သည်။

နန်ရှန်ဆင်းသည် အစွမ်းထက်ရုံသာမက အတွေ့အကြုံကြွယ်ဝကာ လိမ္မာ ပါးနပ်သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် သူ့အား မည်သူမျှ မဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော လူတစ်ဦးသည် ချန်နိုင်ငံတော်၏ မြို့တော်ထဲတွင် လာရောက်အသေခံမည်တော့ မဟုတ်ချေ။

သို့သော် ယခုအခါတွင်မူ ထို အဆင့်မြင့် ပညာရှင် သည် တိတ်တဆိတ် သတ်ဖြတ်ခြင်း ခံခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် စုရုံးရောက်ရှိနေကြသည့် လူ အားလုံးသည် ထိတ်လန့် အံ့သြနေကြခြင်း ဖြစ်သည်။

ပို၍ အရေးကြီးသည့် အချက်မှာ ထိပ်သီးအဆင့် ပညာရှင်ပေါင်းများစွာ ချန်နိုင်ငံတော်အတွင်း စုရုံးနေမိသည့်တိုင် နန်ရှန်ဆင်းအား သတ်နိုင်သောလူမှာ ၁၀ ဦးထက် မပိုချေ။

လူအုပ်စုသည် ၂ ပိုင်းကွဲသွားသည်။ တစ်ပိုင်းမှာ ချန်ယွင်းဖန်၏ ခန္ဓာကိုယ်အား စစ်ဆေး ကြည့်ရှု နေကြပြီး ကျန်တစ်ပိုင်းမှာမူ နန်ရှန်ဆင်းအား စစ်ဆေးနေကြသည်။ စစ်ဆေးရင်း ကြည့်ရှုရင်းဖြင့် ကိုယ်စီ ကိုယ်စီ ထင်မြင်ယူဆချက်များပေးကာ ဆူညံလျက် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now