Chapter - 264"နန်ရှန်ဆင်း"

265 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 264

“နန်ရှန်ဆင်း”

“ငါ့အတွက် မင်းလိုကောင်မျိုးကို မိတ်ဆွေဖွဲ့စရာ မလိုပါဘူး . . . ဘာလဲ မင်းက အထီးကျန်နေ ရလို့လား . . .”

ရဲရှောင် ခနဲ့တဲ့တဲ့ပင် ပြောလိုက်သည်။

အနက်ရောင်ဝတ်လူမှ ရယ်မောလိုက်ရင်း -

“ဖန်ဧကရာဇ် . . . မင်းက အမြင်လည်း စူးရှတယ်၊ အတွေ့အကြုံလည်း ရင့်ကျက်တဲ့ပုံပဲ။ ငါ့ရဲ့ ကျင့်ကြံမှုက ဘာဆိုတာကိုတောင် ချက်ချင်း ပြောနိုင်တယ်။ ဒါပေမယ့် ငါဘယ်သူလဲဆိုတာ မင်းမသိသေးပါဘူး။ တကယ်လို့ ငါ့ကို သိရင်တောင်မှ ငါက ဘယ်လို လုပ်တတ်တဲ့ လူမျိုးလဲ ဆိုတာ သိနိုင်မှာ မဟုတ်ဘူး။ ငါက အမြဲတမ်း တစ်ယောက်တည်းပဲ လှုပ်ရှားတတ်တဲ့ကောင်၊ မင်းဘက်က င့ါကို သတ်နိုင်တယ်လို့ ယုံကြည်ချက်ရှိရင် လုပ်လိုက်လေ။ ငါ့ကို သတ်လိုက်တာနဲ့ ဖန်ဧကရာဇ်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ဘယ်သူမှ မသိနိုင်တော့ဘူးပေါ့။ ဟုတ်တယ်မလား သခင်လေးရဲ . . .”

ရဲရှောင် အံ့သြသွားသည့်ပုံ ဟန်ဆောင်လိုက်ရင်း -

“ဟုတ်လား . . . မင်းနာမည်က ဘယ်သူလဲ။ ငါ သိခွင့်ရှိမလား . . .”

အနက်ရောင်ဝတ်လူသည် ဂုဏ်ယူဝံ့ကြွားသော ဟန်မျိုးဖြင့် -

“တောင်အရပ်က မိုင်တစ်သောင်းရှိတဲ့ ကြယ်အလင်းတန်းကြီးအောက်မှာ နှစ်တစ်ရာလုံးလုံး ဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး တစ်ကိုယ်တော် စွန့်စားခန်း ဖွင့်ခဲ့တဲ့ နန်ရှန်ဆင်းဆိုတာ ငါပဲ။ မင်းလည်း ငါ့ရဲ့ ကျင့်ကြံမှုကို ကြည့်ပြီး ငါဘယ်သူလဲဆိုတာ ရိပ်စားမိမယ် ထင်ပါတယ် . . .”

ရဲရှောင်မှ သူ၏ နာမည်အား သေချာပေါက်ပင် ကြားဖူးလိမ့်မည်ဟု အနက်ရောင်ဝတ်ဖြင့်လူသည် ယုံကြည်နေသည့်ပုံပင်။ အကယ်၍ မကြားဖူးသည့်တိုင် သူ၏ ဂုဏ်ပုဒ် အရည်အချင်းများအား ရွတ်ပြလိုက်ရုံဖြင့် ရဲရှောင်ဘက်မှ တုန်လှုပ်သွားလိမ့်မည်ဟုပင် ထင်မြင်နေမိသည်။

သို့သော် ရဲရှောင်သည် မှင်သေသေ မျက်နှာထားဖြင့် -

“နန်ရှန်ဆင်း ဟုတ်လား။ တစ်ခါမှ မကြားဖူးဘူး။ မင်းက နာမည်ကြီးလို့လား။ မင်းနာမည်ကို မင်းပြောတဲ့အချိန် သိပ်ပြီး ဂုဏ်ယူဝင့်ကြွားနေသလိုပဲ။ ဒါပေမယ့် ငါကတော့ တကယ်ကို မကြားဖူးဘူး။ အဲ့ဒီအတွက်လည်း စိတ်မကောင်းပါဘူးကွာ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now