မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 339
“အစော်ကားခံရသည့်ဖန်ဧကရာဇ်”
ရဲရှောင် သက်ပြင်းချလိုက်ရင်း -
“ချန်ရှင်းမြို့ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ဖို့ဆိုရင် အခုရှိနေတဲ့ လူတွေနဲ့တင် လုံလောက်နေပြီ။ လုံလောက်တာထက်ကို ပိုနေပါပြီ။ နောက်ပြီး မင်းက အကုန်လုံးကို သိနေတာပါလား။ မင်းမသိတာ ဘာရှိသေးလဲ . . .”
ဇုဝူကျီ မျက်မှောင်ကြုတ်လျက် -
“ဒီလူတွေ အားလုံးက ငါတို့ရဲ့ ရန်သူတွေဆိုတော့ သိအောင် လုပ်ထားရတာပေါ့။ အမှန်တကယ်တော့ ဒါတွေအားလုံးက လင်းပါအိုရဲ့ အမှားပဲ . . .”
ရဲရှောင် ချောင်းတစ်ချက်နှစ်ချက် ဟန့်လိုက်ရင်း -
“ဘယ်လို . . . သေချာ ပြောပြစမ်းပါဦး . . .”
ဇုဝူကျီ လေသံခပ်တိုးတိုးဖြင့် -
“လင်း . . . ပါ . . . အို . . .”
“ပြောရရင် လင်းပါအိုရဲ့ ဖန်ဧကရာဇ်ဆိုတာ ရဲတင်းလွန်းတာကလွဲပြီး အင်အားမရှိတဲ့ လူတစ်ယောက်ပဲ။ တကယ့်ကို ဉာဏ်အမျှော်အမြင် နည်းတဲ့ လူလို့ဆိုရမှာပဲ။ သူ့့ဦးနှောက်က လူအထင်ကြီးခံရအောင် လုပ်ချင်ရုံလောက်ပဲ တွေးတတ်တာ . . .”
ဇုဝူကျီ၏ စကားကြောင့် ရဲရှောင် မျက်လုံးများ ပြူးကျယ်သွားကာ -
“ဆက်ပြောပါဦး . . .”
ဇုဝူကျီ မျက်မှောင်ကြုတ်ထားရင်း -
“အဲဒီ အသုံးမကျတဲ့လူက လေလံပွဲကြီးကို ဖန်တီးခဲ့တယ်။ ပြောရရင် ကိုယ့်ကိုယ်ကိုယ် အမြင့်ကြီးရောက်အောင် လုပ်ပြီးမှ အောက်ကို ပြန်ခုန်ဆင်းချ လိုက်သလိုပဲ . . .”
“သူလုပ်လိုက်တဲ့ အရှုပ်ထုပ်တွေက ကောင်းကင်ကြီးနဲ့တောင် မဆန့်လောက်ဘူး။ မကျေနပ်စရာ အကောင်းဆုံးက ဒီလို အရှုပ်ထုပ်တွေလည်း လုပ်ပြီးရော ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိတာပဲ။ အဲ့ဒီလူကို မတွေ့ရတာ အတော်ကိုကြာပြီ။ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ။ အမှန်တော့ အစောကြီးကတည်းက အသတ်ခံရသင့်တာ။ သူသာ လေလံပွဲမတိုင်ခင် သေသွားရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး . . .”
YOU ARE READING