Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"

224 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 368

"ကမ္ဘာမကြေ ရန်ငြိုး"

တစ်ညလုံး လုပ်ခဲ့သမျှတွင် နေရောင်ဂိုဏ်းနှင့် အနန္တရေကန်တို့အား ရန်တိုက်ပေးခဲ့သည့် ကိစ္စသာ အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။

မော်တယ်ကမ္ဘာ၏ နံပါတ် ၁ ဂိုဏ်းကြီးနှင့် အစွမ်းထက်ဆုံး လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် အုပ်စုတို့၏ တိုက်ပွဲသည် အလွန် ပြင်းထန်လှပြီး သမိုင်းတွင် ထင်ကျန်ရစ်မည့် တိုက်ပွဲကြီးတစ်ခုပင် ဖြစ်သည်။

ထိုတိုက်ပွဲအား မြို့ထဲရှိ လူတစ်ဝက်ခန့်လောက်မှ စိတ်ဝင်တစားဖြင့် စောင့်ကြည့်လျက် ရှိသည်။

နှစ်ဖက်စလုံးရှိ လူများ တစ်ယောက်မကျန် အကုန်သေမှသာ တိုက်ခိုက်ခြင်း ရပ်တန့်မည့် သဘောရှိလေသည်။

နေရောင်ဂိုဏ်းမှ ပညာရှင် ၄ ဦး သေဆုံးသွားခဲ့သည့်အခါ တိုက်ပွဲမှာ ပို၍ ပြင်းထန်လာခဲ့သည်။

ထိုကဲ့သို့ နေရောင်ဂိုဏ်းမှ လူ ၄ ယောက်အား သတ်ဖြတ်နိုင်ရန်အတွက် အနန္တရေကန်ဘက်မှလည်း ထိပ်တန်းအဆင့် ပညာရှင် ၂ ဦး၏ အသက်အား ပေးခဲ့ရလေသည်။

ထိုနှစ်ဦးအနက် တစ်ဦးမှာ သူတော်စင်အဆင့် ပညာရှင်ပင် ဖြစ်သည်။ ဝမ်းသာအားရဖြင့် အရက်သွားဝယ်သော သူမှာလည်း ထိုလူပင် ဖြစ်သည်။

သူတော်စင်အဆင့် ပညာရှင်တစ်ဦးပီပီ အလွန်အစွမ်းထက်လှသဖြင့် စောစောသေသင့်သည့် လူတော့ မဟုတ်ချေ။ ထိုကဲ့သို့ဆိုလျှင် အဘယ့်အတွက်ကြောင့် စောစော သေဆုံးခဲ့ရပါသနည်း။

အကြောင်းမှာ အရက်ကြောင့်ပင် ဖြစ်သည်။ ထိုလူသည် အရက်မသောက်ရသည်မှာ ကြာမြင့်ပြီ ဖြစ်သဖြင့် သောက်ခွင့်ရတုန်း အားပါးတရ သောက်ခဲ့မိသည်။ တိုက်ပွဲ မစတင်မီအချိန်တွင် ထိုလူသည် အရက်ပုလင်းပေါင်း တစ်ဒါဇင်ကျော် သောက်ခဲ့ပြီး ဖြစ်သည်။

သောက်ခွင့်ကြုံကြိုက်တုန်း အငမ်းမရ သောက်မိခဲ့ခြင်း ဖြစ်သည်။

အနန္တသူတော်စင်ပင် ထိုလူ၏ သောက်နှုန်းအား အံ့သြခဲ့ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now