Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"

265 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter -263

“လျှို့ဝှက်ချက်ပေါ်သွားခြင်း”

ရဲရှောင်သည် လူသူကင်းရှင်းသည့် နေရာသို့ ရောက်သွားသောအခါ ဖန်ဇီလင် ပုံစံသို့ ပြောင်းလိုက်သည်။

ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ချင်သည့််အခါတိုင်း ရဲရှောင်သည် ယခုနေရာသို့ မကြာခဏ လာရောက်လေ့ရှိသည်။

သူ၏ သရုပ်အမှန်အား အခြားလူများ ရိပ်မိသွားမည် စိုးသည့်အတွက် ယခုကဲ့သို့ လူခြေတိတ်သည့် နေရာကောင်းအား ရှာထားခဲ့ခြင်းဖြစ်သည်။ ထိုနေရာသည် ရဲရှောင်အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။

သို့သော် လောကတွင် မည်သည့်အရာကိုမျှ ပုံသေမှတ်၍ မရပေ။

ရဲရှောင် ပုံစံပြောင်းပြီးနောက် ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားခဲ့သည်။ ထို့နောက် လူတစ်ယောက်မှ ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည့်အသံကိုလည်း ကြားလိုက်ရသည်။

“ထင်တောင် မထင်ခဲ့မိဘူး။ မြို့ရဲ့ လူရှု့ပ်လူပွေ ၃ ယောက်လို့ တင်စားပြီး ခေါ်ရလောက်အောင် ဆိုးသွမ်းတဲ့ လူငယ်လေးတွေထဲက တစ်ယောက်က လင်းပါအိုခန်းမရဲ့ အကြီးအကဲတဲ့လား။ ဟဲဟဲ . . . မင်းကိုငါ သခင်လေးရဲလို့ ခေါ်ရမလား ဖန်ဧကရာဇ်လို့ ခေါ်ရမလားတောင် မသိတော့ဘူး . . .”

ထိုလူ၏ အသံထဲတွင် ရဲရှောင်အား လှောင်ပြောင်ချင်နေသည့် အရိပ်အယောင်များ ပါဝင်လျက် ရှိသည်။

ထို့ပြင် အားအင်ချိနဲ့နေသည့် လူတစ်ယောက်၏ လက်ထဲတွင် အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ခုအား တွေ့ရှိလိုက်ရသည့်အလား အံ့သြမှုနှင့်အတူ အနိုင်ကျင့်၍ လုယူချင်နေသည့် အသံမျိုးလည်း ပေါက်လျက် ရှိသည်။

ရဲရှောင်၏ စိတ်ထဲတွင် ထိတ်လန့် သွားမိသည်။

(ငါ ဒီလောက်ထိ ဂရုတစိုက် သွားလာနေတာတောင် သူ့ကို သတိမပြုမိခဲ့ဘူးလား . . .)

ထို့နောက် ရဲရှောင်သည် အသံကြားရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်၍ ကြည့်လိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora