Chapter - 230 "ကြာပန်းကိုးခိုင်"

292 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 230

“ကြာပန်းကိုးခိုင်”

ရှဲ့ဒန်ယူသည် ရွှမ်ပိုင် ရှက်ရွံ့နေသည်ကို ဂရုမစိုက်ဘဲ -

“ဒါပေမယ့် ငါနားမလည်တာ တစ်ခု ရှိသေးတယ်။ နင်ဘာလို့ အဲ့ဒီကောင်လေး မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ။ အမှန်ဆို မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ရှိသင့်တယ် မဟုတ်လား။ နင့်လိုလူမျိုးကို ဒီဆယ်ကျော်သက် ကောင်လေးက ဘယ်လိုမှ ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါတောင် အခုလို ခိုးကြောင်ခိုးဝှက် လုပ်နေရတာ ဘာကြောင့်လဲ။ ငါဖြင့် နားကို မလည်တော့ဘူး . . .”

ရှဲ့ဒန်ယူ၏ မျက်ဝန်းများထဲတွင် ရွှမ်ပိုင်အား အထင်သေးနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိသည်။

“ရွှမ်ပိုင် . . . နင့်ရဲ့ လိင်စိတ်အာသီသပြေအောင် ဒီလို ခိုးကြောင်ခိုးဝှက်တော့ မလုပ်သင့်ပါဘူးဟာ”

ရွှမ်ပိုင် ရှင်းပြချင်စိတ် မရှိတော့ချေ။ ရှင်းပြရုံဖြင့် မရနိုင်မှန်းလည်း သိသွားသည်။

အဘယ့်အတွက်ကြောင့် ထိုကဲ့သို့ ပြုမူခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်းပြနိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် ရွှမ်ပိုင်အဖို့ လုပ်စရာ တစ်ခုသာ ရှိပေသည်။ ထိုအရာသည် ရှဲ့ဒန်ယူအား အပြတ်ရှင်းပစ်ရန်ပင် ဖြစ်သည်။

ရွှမ်ပိုင်သည် သူမ၏ နှုတ်ခမ်းအား တင်းတင်းစေ့၍ တိုက်ခိုက်မှုများအား ပို၍ အားစိုက်လိုက်သည်။

“ရွှမ်ပိုင် . . . နင်က တော်တော်ကြီးကို ကြမ်းတမ်းနေပါရောလား။ ဘာလဲ နင်က မြန်မြန်ပွဲသိမ်းပြီး ကောင်လေးနဲ့ မြန်မြန် ပျော်ချင်နေပြီပေါ့။ ဘာလဲ . . . နင့်စိတ်ထဲ မအောင့်နိုင်တော့ဘူးလား။ အဲ့ဒါဆိုလည်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောရောပေါ့။ နင်ကိစ္စပြီးတဲ့ အချိန်ထိ ငါစောင့်နေပေးပါ့မယ်။ အင်း . . . ခြောက်နာရီလောက် စောင့်ပေးမယ်ဆို လုံလောက်မလား . . .”

ရှဲ့ဒန်ယူ ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။

“နင့်ကိစ္စပြီးလို့ နင့်အတွက် လုံလောက်သွားပြီဆိုရင်
ငါတို့ဆက်တိုက်ကြတာပေါ့။ ငါက နင့်ဆန္ဒကို လိုက်လျောပေးရုံပါ။ အဲဒီလောက်ထိ လူမှုရေး ခေါင်းပါးတဲ့လူ မဟုတ်ပါဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now