Chapter (427)"တစ်နှစ်တစ်ခါ"

225 23 0
                                    

Chapter (427)

“တစ်နှစ်တစ်ခါ”

“ဒုတိယနည်းလမ်းရဲ့ အခက်အခဲက ဆေးပစ္စည်းတွေ စုဆောင်းဖို့ပဲ။ ကျုပ်တို့သာ ကြိုးစားရင် တစ်နေ့ ဖြစ်မလာနိုင်စရာ အကြောင်း မရှိပါဘူး။ ဆေးလုပ်ဖို့ အတွက်ကတော့ မပူနဲ့၊ ခင်ဗျားကိုကျုပ် ကတိပေးပါတယ်။ ကျုပ်အကောင်းဆုံး ကြိုးစားပေးမယ်။ နတ်ဘုရားအပြစ်ဒဏ် ဆိုတာကလည်း ကျုပ်အတွက် ဘာမှမဟုတ်ဘူး။ ယင်ဆေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကသာ ရှာရ အရမ်းခက်တာ၊ ဒါပေမယ့် ဒီလိုတွေးပြီး စိတ်ဓာတ်ကျနေလို့ မရဘူးဗျ . . .”

“သားရဲအမြုတေကလည်း ကျုပ်တို့ သေချာပေါက် ရနိုင်မှာပါ။ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ ခင်ဗျား အဲဒီလောက်ကြီးထိ စိတ်ဆင်းရဲမနေနဲ့။ ဒီအမြုတေ ရရမယ်လို့လည်း ကျုပ်အာမခံတယ်။ ကျန်တဲ့ ပစ္စည်းရှစ်မျိုးကိုတော့ အခုနေမှာ မရနိုင်သေးဘူး။ ဒါပေမယ့် ကျုပ်တို့ လုပ်နိုင်မှာပါ။ မော်တယ်ကမ္ဘာရဲ့ အထက်မှာ ချင်းယန်ဆိုတဲ့ နယ်ပယ်တစ်ခု ရှိတယ်။ ချင်းယန်နယ်ပယ်မှာ ဘုံသုံးဘုံ တွေ့ဆုံပွဲကို နှစ်တစ်ရာကိုတစ်ကြိမ် ကျင်းပကြတယ်။ အဲဒီအချိန်မှာ ကောင်းကင်နယ်ပယ်ကရော ငရဲဘုံက လူတွေပါ ရောက်လာကြမှာ။ အဲဒီအခါကြ သူတို့နဲ့ အပေးအယူ လုပ်နိုင်မှာပါ . . .”

“ကျုပ်တို့လို လူတွေအတွက်သာ ဒီပစ္စည်းတွေက ရှာရခက်တာပါ။ သူတို့အတွက်ကြတော့ ရှာရခက်မယ် မထင်ဘူး . . .”

“ကျုပ်ပြောတဲ့ နည်းလမ်း ၂ မျိုးဆိုတာ ဒါတွေပဲ။ နှစ်ခုလုံးကတော့ မလွယ်ကူဘူးပေါ့ . . .”

ရဲရှောင် စကားများ ရှည်လျားစွာ ပြောပြီးနောက် ခေတ္တခဏ နားလိုက်သည်။

ကျောင်းဖင်းရှန်မှ -

“ဒီနေ့ စကြဝဠာကြီးက အကျယ်ကြီးဆိုတာ ကျုပ်သိခဲ့ရပြီ။ ကျုပ်အစကတော့ ကျုပ်ကိုယ်ကျုပ် အားလုံးထက် သာလွန်ပြီး လူတိုင်းကို ဂရုစိုက်စရာ မလိုဘူး ထင်ခဲ့မိတယ်။ တကယ်တမ်းတော့ ကျုပ်က တကယ့်ကို ဘာမှ မဟုတ်သေးတာပါလား . . .”

“ယုအာ . . . ငါဘယ်တော့မှများ မင်းကိုတွေ့နိုင်ပြီး အတူတူ ရှိနိုင်တော့မလဲကွာ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now