Chapter - 369"ဗိုက်ခေါက်ကြီး"

219 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 369

“ဗိုက်ခေါက်ကြီး”

“နောက်ပြီး . . . ခုဏက ငါတို့ဆီကို အယောင်ဆောင်လာတဲ့ကောင် ဘယ်သူပဲ ဖြစ်နေပါစေ သိလို့ကတော့ တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်။ ဒီကောင့်ကိုလည်း နှစ်ပေါင်း ထောင်သောင်းချီ နှိပ်စက်ပြမယ် . . .”

ဂျိချန်းဖန်သည် နာကျည်းမှု အပြည့်ဖြင့် ပြောလိုက်သည်။

"ငါတို့လူတွေ အကုန်လုံးကို လာခိုင်းလိုက်တော့ . . ."

ထိုသို့ ပြောပြီးသည်နှင့် ရရှိထားသော အတွင်းဒဏ်ရာများကြောင့် သွေးများ အန်ထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ပြင်းထန်သော တိုက်ပွဲကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာရရှိခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် အနန္တသူတော်စင်သည်လည်း ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝေဒနာအား နာကျင်စွာ ခံစားနေရသည်။ ထိုဒဏ်ရာများအား အံတုလိုက်ရင်း အနန္တသူတော်စင်သည် ကျယ်လောင်သော အသံဖြင့် -

“အနန္တရေကန်က လူတွေအားလုံး ချန်ရှင်းမြို့ကို ချက်ချင်း လာခိုင်းလိုက်စမ်း။ ဒီမှာရှိတဲ့ နေရောင်ဂိုဏ်းက လူတွေ အားလုံးကို တစ်ယောက်မကျန် အပြတ်ရှင်းပစ်ရမယ်။ ပြီးရင် ဒီမြို့အောက်မှာပဲ မြုပ်နှံပေးရမယ်။ ဒီလိုကောင်တွေကို သတ်ပြီးမှ ငါတို့ရဲ့ သိက္ခာကို ပြန်အဖတ်ဆည်နိုင်လိမ့်မယ် . . .”

“ငါတို့ ညီအစ်ကိုတွေအတွက် ကလဲ့စားချေရမယ် . . .”

“ကလဲ့စား ချေရမယ် . . .”

“ကလဲ့စား ချေရမယ် . . .”

ဂုဏ်သိက္ခာ စောင့်ထိန်းသော လူတစ်ယောက်အဖို့ ကလဲ့စားချေရန် အချိန် ၁၀ နှစ်ခန့် ကျကျနန အချိန်ယူရမည် ဖြစ်သော်လည်း လုပ်ကြံရေးသမားတစ်ဦးအဖို့ တခဏချင်းပင် လုပ်နိုင်ပေလိမ့်မည်။

အနန္တသူတော်စင် ထိုကဲ့သို့ ပြောလိုက်ခြင်းသည် သိုင်းလောကအတွက် ကပ်ဆိုးကြီး စတင်ဖြစ်ပေါ်ရန် အစပြုလိုက်ခြင်းပင် ဖြစ်ပါတော့သည်။

*********

လင်းပါအိုခန်းမတွင် ဖြစ်သည်။

ပြီးခဲ့သော ရက်များအတွင်း ဝမ်ဇန်းဟိုတစ်ယောက် ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျသွားခဲ့ရသည်။ေ ညတိုင်းလိုလို အိပ်ရေးပျက်ခဲ့ရသည်လည်း များလှချေပြီ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora