Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"

328 26 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 210

“တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး”

“အဲ့ဒါက ကျွန်မတို့ကျင့်စဉ်ရဲ့ အားနည်းချက်ကြီး တစ်ခု ဖြစ်နေတာပဲ၊ ဒီက ဆရာဖန်လည်း နားလည်လိမ့်မယ် ထင်ပါတယ် . . .”

"တိုက်ပွဲကြီး ဖြစ်ခဲ့တာကလည်း အဲဒီကျင့်စဉ်ကြောင့်ပဲ . . .”

“အရင်တုန်းကဆိုရင် တိမ်မြူခိုးနန်းတော်မှာ ထိပ်တန်းအဆင့် ပညာရှင်တွေ အများကြီး ရှိတယ်။ ကျွန်မတို့ရဲ့ အဓိကကျင့်စဉ်ကြီးကလည်း အရမ်းအစွမ်းထက်လွန်းတယ်လေ။ ကျွန်မတို့အားလုံးက မိန်းမသား တွေဆိုပေမယ့် ချင်းယန်နယ်ပယ်ကြီး တစ်ခုလုံးကိုတောင် အုပ်စိုးမတတ် စွမ်းအားကြီးခဲ့ကြတယ်။ အဲ့ဒါကြောင့်ပဲ တခြားအင်အားစုတွေက ထိတ်လန့်လာကြတယ်။ အနာဂတ်မှာ ကျွန်မတို့တွေက ချင်းယန်နယ်ပယ် တစ်ခုလုံးကို အုပ်စိုးခြယ်လှယ် လာကြမယ်လို့လည်း ထင်နေကြတယ် . . .”

“အဲ့ဒီလို အဖြစ်မျိုး ဘယ်သူကမှ အဖြစ်မခံချင်ကြဘူး။ နောက်ဆုံး အင်အားစုတွေက မဟာမိတ်ဖွဲ့ပြီး
ကျွန်မတို့ တိမ်မြူခိုး နန်းတော်ကို တိုက်ခိုက်လာကြတယ်။ မဟာမိတ်တပ်ဖွဲ့တွေကို ဝုဖဆိုတဲ့လူက ဦးဆောင်တယ်။ တိုက်ပွဲမှာ ကျွန်မတို့ နန်းတော်က
ရဲရင့်တဲ့ အမျိုးသမီး ပညာရှင်တွေ သောင်းနဲ့ချီပြီးကို သေခဲ့ကြရတယ်။ ရှေးဆရာမကြီး ၇ ယောက်လည်း သေဆုံးခဲ့တယ်။ တိမ်မြူခိုးနန်းတော် တစ်ခုလုံးလည်း ချက်ချင်းကို ပြိုကွဲမတတ် ဖြစ်သွားတယ်။ ကျွန်မတို့လို အဓိက ဂိုဏ်းဝင်တွေ အချို့ပဲ လွတ်မြောက်နိုင်ခဲ့ကြတယ်။ လူသူကင်းဝေးတဲ့ နေရာတွေမှာ ပုန်းခိုနေကြပြီး ပြန်စုစည်းနိုင်မယ့် အချိန်ကို စောင့်နေကြတာပေါ့ . . .”

ပိုင်ရှင်းယွဲ့သည် စိတ်ဓာတ်မာကြောသော မိန်းမတစ်ဦး ဖြစ်သည့်တိုင် သူမ၏ မျက်လုံးများထဲတွင် ဝမ်းနည်းနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လျက် ရှိသည်။ အပြင်ပန်းအရ သာမန် ဇာတ်လမ်းတစ်ပုဒ် ပြောပြနေသကဲ့သို့ ဖြစ်နေသော်လည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူမ၏ လက်သီးများအား ကြည့်ခြင်းအားဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားလွန်းလှပေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now