Special Chapter 13

4.6K 570 22
                                    

[Unicode]

'တိုက်ခန်းသစ်မှ ပျော်ရွှင်မှု'

ပိုင်ရှင်းယွီ သူ့ဘာသာစုမိထားသည့်ပိုက်ဆံများဖြင့် တိုက်ခန်းတစ်လုံးဝယ်လိုက်သည်။ ပတ်လည်မီတာ ၄၀ ကျယ်ဝန်းပြီး သိပ်မကြီးလှပေမယ့် မြေအနေအထားက အရမ်းကောင်းလွန်းသည်။ အိမ်ယာရှိ ဝန်ဆောင်မှုပေးသောအသုံးအဆောင်တိုင်းကလည်း အဆင့်အတန်းမြင့်မားလှသလို အရေးအကြီးဆုံးအချက်မှာ ကုမ္ပဏီနှင့်အရမ်းနီးခြင်းဖြစ်၏။ ထို့အပြင် takeaways ယူလို့ရသည့်ဆိုင်များကလည်း ကီလို ၈၀၀ အတွင်းရှိတာမို့ ပိတ်ရက်များတွင် သူနှင့် ယွီဖုန်းချန် တူညီသောအစားအစာများကို နေ့တိုင်းစားနေရန် မလိုတော့။

အတိတ်နမိတ်ကောင်းသောရက်ကိုရွေးပြီးသည်နှင့် ယွီဖုန်းချန်လည်း သူနှင့်အတူ တိုက်ခန်းသွားယူရာသို့လိုက်လာခဲ့သည်။

ထိုအိမ်ယာက ပိုင်ရှင်းယွီသူငယ်ချင်း ဖွင့်လှစ်ထားတာမို့ ထိုနေ့က သူ့သူငယ်ချင်းကိုယ်တိုင် တိုက်ခန်းသော့ကို သူတို့လက်ထဲ လာထည့်ပေးလေသည်။

သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားလာကြတာမို့ သူတို့သူငယ်ချင်းဖြစ်သူနှင့် လောင်းကြေးထပ်လိုက်ကြသည်။ သူငယ်ချင်းဖြစ်သူက ဓာတ်လှေကားဖြင့်တက်ပြီး သူတို့က လှေကားဖြင့်တက်ရာတွင် အပေါ်သို့ ဘယ်သူ အရင်ရောက်မလဲဟူ၍။

ဓာတ်လှေကားပွင့်လာသည်နှင့် သူတို့နှစ်ယောက်လုံး လှေကားရှိရာသို့ အရှိန်အမြင့်ဆုံးဖြင့် ပြေးသွားပြီး လှေကားထစ်များပေါ်သို့ သူတို့ခြေထောက်ရှည်များဖြင့် အလျင်အမြန်ပြေးတက်တော့သည်။

"မင်း ရရောရလို့လား။ မရရင် ငါ့အနောက်မှာနေ၊ ငါပြေးတာကို လာမပိတ်နေနဲ့။" သူ တကယ်တော့ ယွီဖုန်းချန်၏ခြေထောက်အတွက် စိတ်ပူနေတာပင်။

ယွီဖုန်းချန် ဘာမှပြန်မဖြေလာ။

"နိုင်ပြီ။"

"ပိုက် .. ပိုက်ဆံခြွေတာနိုင်ပြီ။"

မကြာခင်မှာပဲ ဓာတ်လှေကားပွင့်သံပေါ်လာပြီး သူတို့နှစ်ယောက်လုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ အကြောင်းကား အသံကို သေချာသလောက် အောက်ထပ်မှကြားလိုက်ရတာမို့ပင်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now