93

12.8K 2K 507
                                    

[Unicode]

'ငါ သူ့အပေါ် စိတ်မရှိတော့ဘူး။'

နောက်တစ်နေ့ မနက်စောစောတွင် ပိုင်ရှင်းယွီ အသားပေါက်စီလေးနှစ်ခုနှင့် ပဲနို့ကို ယူကာ ကျန်းဆွေ့ယင်း ရုံးခန်းထဲသို့ အပြေးဝင်သွားလိုက်သည်။

ကျန်းဆွေ့ယင်းက လီယွီနှင့် ကိစ္စတစ်ခုခု ဆွေးနွေးလျက်ရှိနေပြီး ပိုင်ရှင်းယွီကို မြင်တာနှင့် မျက်လုံးများ မှေးကျဉ်း၍ ကြည့်လာသည်။

ပိုင်ရှင်းယွီ သူ့မနက်စာကို စားပွဲပေါ်လှမ်းတင်ရင်း တောက်တောက်ပပပြုံးပြလျက် စကား အစပျိုးလိုက်သည်။ "ကော၊ ကျွန်တော်လေ ..."

ကျန်းဆွေ့ယင်း လက်မြှောက်၍တား၏။ "တော်။ မင်းကို မြင်တာနဲ့ ဘာပြောချင်နေတာလဲ ငါ သိတယ်။ အဖြေက မရဘူးပဲ။"

ပိုင်ရှင်းယွီ မျက်နှာက ကွက်ကနဲပျက်သွားသည်။ "ကော၊ ကျွန်တော် အခန်းထဲ ဝင်လာကတည်းက စကားနည်းနည်းပဲ ပြောရသေးတာလေဗျာ။ ကျွန်တော်က ဒီတိုင်း မနက်စာလေးပဲ ယူလာပေးတာကို .."

ကျန်းဆွေ့ယင်း သူ့ကို မှင်သေသေ ကြည့်နေသည်။ "လီယွီ၊ မင်း သူ့မျက်နှာအမူအရာနဲ့ ရင်းနှီးမနေဘူးလား။"

လီယွီ ခေါင်းငြိမ့်ပြရင်း ပြုံးလျက်ပြောလာသည်။ "ကောဆီက တောင်းဆိုချင်တာလေး ရှိတယ်ဆိုတဲ့ မျက်နှာ။"

ပိုင်ရှင်းယွီ ဖော်ထုတ်ခံလိုက်ရမှန်း သိတာနှင့် ဟန်ဆောင်မနေတော့။ စားပွဲပေါ် တက်ထိုင်ကာ မနက်စာဘူးကို ဖွင့်ချလိုက်သည်။ "ကော၊ လီယွီ၊ မြည်းကြည့်။ ပူပူလေးနဲ့ အရသာရှိတယ်။" ပြောပြီးသည်နှင့် သူ့ပါးစပ်ထဲသို့ တစ်ခုကောက်သွပ်လိုက်လေသည်။ "အား၊ ငါလူး၊ ပူတယ်ဟ .."

လီယွီ လက်ပိုက်ထားရင်း ခေါင်းတစ်ခါခါဖြစ်သွားသည်။

ကျန်းဆွေ့ယင်း 'ကျစ်'သပ်လိုက်သည်။ "ဝေးဝေးသွား။ ငါ ဒီမှာ အလုပ်ရှုပ်နေတယ်။"

ပိုင်ရှင်းယွီ စားပွဲ၏တစ်ဝက်လောက်အထိ တက်သွားပြီး ကျန်းဆွေ့ယင်းရဲ့လက်ကို ဆွဲကိုင်ရင်း တောင်းဆိုနေသည်။ "ကော၊ ကျွန်တော် မန်နေဂျာရွှီနဲ့ အာဖရိက သွားချင်တယ်။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now