15

11.1K 2K 363
                                    

[Unicode]

'သူက ပုံမှန် မဟုတ်ဘူး။'

ပိုင်ရှင်းယွီ သူ့ကို စူးစူးစိုက်စိုက် ကြည့်ကာ ဘာမှ ဆက်မလုပ်ဖို့ သတိပေးလိုက်သည်။

ယွီဖုန်းချန်ကတော့ ထိုအရာများကို မမြင်သလို အနားကပ်လာပြီး သူ့လက်နှစ်ဖက်ကို ပွတ်ကာ ဖုန်းသုန့်ယွမ် နမူနာပြထားသည့်အတိုင်း ပိုင်ရှင်းယွီ ပေါင်ကို ဆွဲညှစ်လိုက်သည်။

"အား .." ပိုင်ရှင်းယွီ ထအော်သည်၊ အဲ့တာက တကယ်တမ်း အများကြီးတော့ မနာ၊ နာတော့ နာတယ်ဆိုပေမယ့် သူ ယွီဖုန်းချန်ကို ခြောက်လွှတ်ချင်ရုံ သက်သက်သာ။

ယွီဖုန်းချန်ကတော့ ဖုန်းသုန့်ယွမ်လို စာနာထောက်ထားမှု အပြည့်နှင့် လွှတ်လိုက်တာမျိုး မလုပ်၊ ထိုအစား အားမာန် အပြည့်နှင့် ဆွဲညစ်ကာ စိတ်ပါဝင်စားစွာ သင်နေသလိုမျိုး မေးလိုက်သည်။

"ဒီလိုလား။"

ဖုန်းသုန့်ယွမ် ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါ အရင်က လေ့လာဖူးတယ်။ အဲ့တာပြီးရင် တစ်လျှောက်လုံးကို လက်သီးဆုပ်ပြီး လှိမ့်လာလိုက်၊ ပြီးရင် တစ်ချက် ခေါက်လိုက်။"

ယွီဖုန်းချန် ပိုင်ရှင်းယွီကို ပြုံးပြနေရင်း သူ့ပေါင် အပြင်ဘက်ကို လက်သီးဆုပ်ထားရင်း ဖိဆွဲလိုက်တာမို့ ပိုင်ရှင်းယွီ ထအော်တော့လေသည်။

"အားးး"

ယွီဖုန်းချန် အမှားမလုပ်ထားသလို ပြောလာသည်။

"သည်းခံလေကွာ၊ သုန့်ယွမ် ပြောတာ မကြားဘူးလား။ မနာရင် အကျိုးမရှိဘူးတဲ့။"

ပိုင်ရှင်းယွီ ဒေါသတကြီး ပြန်ပြောသည်။ "မင်းက တမင် လုပ်နေတာလေကွ၊ အား .."

ချန်းကျင်းက တံခါးမှ ဝင်လာပြီး ပြောလိုက်သည်။

"ဘာတွေ လုပ်နေကြတာလဲ၊ ငိုလိုက်၊ အော်လိုက်နဲ့"

ဖုန်းသုန့်ယွမ် ရယ်ပြီး ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်၊ ရှင်းယွီ ခြေထောက် နာနေတာ၊ ဝိုင်းနှိပ်ပေးကြရအောင်။"

ချန်းကျင်း သူတို့နား ရောက်လာပြီး ပြောလိုက်သည်။

"ဒါနဲ့ ရမှာ မဟုတ်ဘူး၊ သူက ကြွက်သား အားစိုက် ထားရလို့ နာနေတာ။ အကြောအဆစ်ရောင် ရောဂါ ရှိနေတာ မဟုတ်ဘူး။ ထ ထ၊ ငါ လုပ်မယ်။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now