78

12.4K 1.9K 1.5K
                                    

[Unicode]

'နှလုံးသားအချင်းချင်း အရင်းခံ၍ သဘောကွဲလွဲခြင်း'

"သုန့်ယွမ်၊ အိုက်ရား၊ မင်း ဘာလို့ငါ့အင်္ကျီတွေ လျှော်နေရပြန်တာလဲ ..." ပိုင်ရှင်းယွီ ရေချိုးခန်းထဲသို့ ပြေးလာချိန် ဖုန်းသုန့်ယွမ် သူ့အင်္ကျီများကို လျှော်ဖွတ်ပေးနေတာကို မြင်လိုက်ရပြီး သူ့ဘွတ်ဖိနပ်များကတောင် သန့်ရှင်းအောင် တိုက်ထားပြီးဖြစ်နေလေသည်။

ဖုန်းသုန့်ယွမ် နောက်ပြန်လှည့်မကြည့်ပဲ ပြောလာသည်။ "ဘာမှမဖြစ်ဘူး။ ငါလည်း ဒီနေ့မှ ဘာမှလုပ်စရာမရှိဖြစ်နေတာ။"

"ငါ အခုဆို အဝတ်လျှော်တာ မင်းထက်တောင် မြန်နေပြီ။ မင်း ဒီလိုတွေ လုပ်ပေးဖို့ မလိုပါဘူးကွာ။" ပိုင်ရှင်းယွီ ပြောရင်းနှင့် အဝတ်လျှော်ဇလုံကို လှမ်းဆွဲယူဖို့ လုပ်လိုက်သည်။

ဖုန်းသုန့်ယွမ် သူ့လက်ကို တားထားရင်း ခပ်ရေးရေးပြုံးပြသည်။ "မင်းက အကြာကြီး နေရမှာလည်း မဟုတ်ဘူး။ နောက်ဆို မင်း ငါ့ကို အဝတ်လျှော်ခိုင်းချင်ရင်တောင် ငါ လာလျှော်ပေးလို့ မရတော့ဘူး။"

ပိုင်ရှင်းယွီ တိုးဖွဖွရယ်လိုက်သည်။ "မင်း ပြောပုံက ဘယ်လိုလုပ် သမီးကို လက်ထပ်ပေးလိုက်ရတဲ့ပုံစံဖြစ်နေတာလဲ။"

ဖုန်းသုန့်ယွမ် ရယ်ရင်းဆဲရေးလာသည်။ "ငါလူး"

ပိုင်ရှင်းယွီ အင်္ကျီလက်ခေါက်၍ သူနှင့်အတူ အင်္ကျီလျှော်ဖွတ်လိုက်သည်။ "ငါ့အဝတ်တွေက ဘယ်လိုလုပ်ပြီး အရမ်းညစ်ပတ်နေရတာလဲ။"

"မင်းက ငါ့ကိုပြန်မေးနေတယ်?"

"ဝေ့၊ နှင်းဖုံးနေတဲ့တောင်တွေကြားနေခဲ့ရတဲ့ ရက်တွေအကြောင်း မင်း မသိလို့ ..."

သူတို့နှစ်ယောက် စကားတပြောပြောနှင့် အဝတ်လျှော်နေလိုက်ကြပြီး ပိုင်ရှင်းယွီမှာ တပ်ခွဲ(၃)သို့ တစ်ဖန်ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ အရင်က ဘယ်လိုဖြစ်ပြီးတော့များ တပ်ခွဲ(၃)မှာ နေရတာ ပင်ပန်းလွန်းတယ်လို့ ညီးတွားခဲ့မိတာပါလိမ့်။ ဒီက သူ့အတွက် သေချာသလောက် စိတ်အေးလက်အေးနှင့် သက်တောင့်သက်သာဖြစ်စေသော နေရာလေးပင်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now