91

15.5K 2.1K 1.1K
                                    

[Unicode]

'ဆိုတော့ သူက မင်းရဲ့စိတ်ရှုပ်စရာမျက်နှာကို အလိုမရှိတော့ဘူးပေါ့?'

ဖုန်းသုန့်ယွမ် စာရိုက်နေချိန် ပိုင်ရှင်းယွီတစ်ယောက် မျောလွင့်လာပြီး ဖုန်းသုန့်ယွမ်၏ပခုံးပေါ် အနောက်မှ မေးတင်ထားလျက် ကွန်ပြူတာမျက်နှာပြင်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ "မင်းဘာလုပ်နေတာလဲ။"

ဖုန်းသုန့်ယွမ် အနောက်လှည့်မကြည့်ပဲ စာရိုက်လျက်သာ ရှိနေသည်။ "မန်နေဂျာစွန်းက ငါ့ကို စျေးကွက်စစ်တမ်းကောက်ခိုင်းထားတယ်။ ငါ အဲ့တာရေးနေတာ။"

"မင်း ငါနဲ့ အပြင် ခဏလောက်လိုက်ခဲ့ပါလား။" ပိုင်ရှင်းယွီ တိုးတိုးကပ်ပြော၏။

ဖုန်းသုန့်ယွမ် သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြုံးသွားသည်။ "မင်း ဘာတွေဖြစ်နေတာလဲ။"

"တကယ်၊ ငါနဲ့ အပြင်လိုက်ခဲ့ပေးလို့။"

"အခုက အလုပ်ချိန်ကြီးလေ။"

"နေ့လည်နေ့ခင်း လက်ဖက်ရည်သောက်လို့ကောင်းတဲ့ နေရာတစ်ခုကို သွားပြီး ... အဲ့မှာ လူတစ်ယောက်နဲ့ တွေ့မယ်လေ။"

ဖုန်းသုန့်ယွမ် သံသယများဖြင့်မေးလိုက်သည်။ "ဘယ်သူနဲ့ တွေ့မှာလဲ။"

"အသိ၊ မင်းလည်း သိတယ်။"

ဖုန်းသုန့်ယွမ် ပိုလို့တောင် သိချင်သွားသည်။ "ဘယ်သူလဲ။"

ပိုင်ရှင်းယွီ တွန့်ဆုတ်နေမိသည်။ "ယွီဖုန်းချန်"

"ဟမ်? ဖုန်းချန် ပြန်လာပြီလား။"

"အင်း၊ သူ စစ်တက္ကသိုလ်တက်ဖို့ ပြန်လာတယ်။"

"ဝါး၊ တကယ်ကောင်းတာပဲ။ ငါ ပြီးတာနဲ့ တန်းသွားရအောင်။ ငါလည်း သူ့ကို မတွေ့ဖြစ်တာ အတော်ကြာနေပြီ။"

ပိုင်ရှင်းယွီ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ "အင်း၊ မင်း မြန်မြန်လုပ်။ ငါ မင်းကို ပေ့ကျင်းမြို့ရဲ့ အကောင်းဆုံး ရေခဲမုန့်ကိတ် ရှိတဲ့ဆိုင် ခေါ်သွားပေးမယ်။"

"တကယ် အဲ့လောက်ကောင်းလို့လား။"

"ကြွားတာ၊ အရသာတော့ မဆိုးပါဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now