Little Angel Dong Yuan.1

8.8K 1.2K 103
                                    

[Unicode]

"ဝူရှို့ယိ"

"ရှိ!"

"ကျန်ခေါင်"

"ရှိ!"

"ဝေ့ယိမင်"

"ရှိ!"

ဖုန်းသုန့်ယွမ် ထိုနာမည်ကို ခေါ်ပြီးချိန် ဝေ့ယိမင်ဟုခေါ်သည့်တပ်သားသစ်လေးကို လှမ်းမကြည့်ဘဲ မနေနိုင်။ ထိုကောင်လေးက တကယ်ကို ရုပ်ရည်အားဖြင့်ချောမောလှသည်။ သူ သေချာ မဖော်ပြတတ်ပေမယ့် အတော်လေးချောလှသည်ဟုတော့ တွေးမိ၏။

ဝေ့ယိမင်ကလည်း သူ့အား လှမ်းကြည့်လို့နေပြီး သူ့မျက်ဝန်းများက အနည်းငယ်မျှအေးစက်စက်နိုင်လှသည်။

ဖုန်းသုန့်ယွမ် သူတို့နာမည်စာရင်းစစ်ပြီးတာနှင့် သူတို့အား လေ့ကျင့်ပေးဖို့လုပ်တော့သည်။ လွန်ခဲ့တဲ့တစ်နှစ်က သူ အခုသူ့အရှေ့ရှိ တပ်သားသစ်များရဲ့နေရာ၌သာ ရှိနေခဲ့သည်။ ထိုအချိန်တုန်းက သူ စစ်တပ်ထဲ ဝင်ကာစဖြစ်၍ ငယ်ရွယ်ခြင်း၊ မသိနားမလည်ခြင်းများဖြင့်ပြည့်နှက်နေကာ တစ်နှစ်ကြာပြီးနောက် နည်းပြတစ်ယောက်အနေနှင့် ကြီးကြပ်ပေးဖို့ အခွင့်အရေးရလာမည်ဟုတောင် မထင်ထားခဲ့။ အဖွဲ့ခေါင်းဆောင်၊ ဖုန်းချန်နှင့် ရှင်းယွီတို့သာ နှင်းကျားသစ်တပ်မဟာရဲ့လူရွေးပွဲကို ဝင်မပြိုင်ခဲ့လျှင် ဒီအထူးအခွင့်အရေးက သူ့ဆီ ရောက်လာခဲ့မှာ မဟုတ်။ သူ တပ်သားသစ်များရဲ့ အနည်းငယ် စိတ်လှုပ်ရှား၊ မျှော်လင့်ချက်ပြည့်နေသည့်မျက်ဝန်းများကို ကြည့်ပြီး စိတ်ထဲ တာဝန်ယူပေးချင်စိတ်နှင့် အလုပ်ကို ကောင်းကောင်းပြီးအောင် ထမ်းဆောင်လိုစိတ်များ ပေါက်ဖွားလာတော့သည်။

အဟန့်အတားများကျော်ဖြတ်ခြင်းကို လေ့ကျင့်ပေးနေချိန် တပ်သားသစ်တစ်ဦးက သူ့အနားချည်းကပ်လာသည်။ "နည်းပြ၊ ကျွန်တော်တို့နည်းပြချန်းရော ဘယ်မှာလဲ။"

"အို့၊ သူ အရေးကြီးတဲ့လူရွေးပွဲတစ်ခုသွားပြိုင်တာမို့ ငါ ခဏ အစားထိုးတာဝန်ယူထားတယ်။"

"ကျွန်တော်ကြားတာ အဲ့ဒါ 'နှင်းကျားသစ်တပ်မဟာရဲ့လူရွေးပွဲဆို၊ တကယ်ကြီးလား။"

ဖုန်းသုန့်ယွမ် ပြုံးသွားသည်။ "မင်းက ဘယ်လိုသိလဲ။"

"သူများတွေအတင်းပြောနေတာကို နားထောင်လာတာ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now