115

18.9K 2.1K 436
                                    

[Unicode]

'ဒီဘဝမှာတော့ လုံလောက်သွားပါပြီ'

နောက်တစ်နေ့ ပိုင်ရှင်းယွီ နိုးလာချိန် သူ့ခါးကျိုးသွားတော့မလို ခံစားချက်များ ဝင်လာခဲ့သည်။ ဒါက သူ လေ့ကျင့်ခန်းလုပ်တာ အားနည်းခြင်းကြောင့် မဟုတ်။ အဓိကအကြောင်းအရင်းမှာ ယွီဖုန်းချန်ခြေထောက် ဒဏ်ရာရထားတာမို့ပင်။ သူတို့အနေအထားများအတွက် အထူးလိုအပ်ချက်များက သူ့တာဝန်ဖြစ်သွားရပြီး တစ်ညလုံးနီးပါး သူ့ခါးရဲ့ခံနိုင်ရည်ကို စမ်းသပ်လို့နေခဲ့ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန် ယွီဖုန်းချန်က အိပ်ရာပေါ် မရှိနေ။ မွေးပျံ့နေတဲ့နွားနို့ရနံ့က မီးဖိုးခန်းထဲမှ ပျံ့လွင့်လို့လာသည်။ သူ အသက်ပြင်းပြင်းရှူရင်း နှုတ်ခမ်းကို သပ်ကာ အချိန်အတော်ကြာ မထိတွေ့ခဲ့ရတဲ့ လန်းဆန်းစေသည့်ဆက်ဆံမှု အရသာလေးအကြောင်း ပြန်တွေးတောနေမိသည်။ တစ်နှစ်ကျော် ချုပ်တည်းနိုင်ခဲ့တာ အံ့ဖွယ်ပင်။ သူ မနေ့ညက သေသွားတော့မလို ခံစားချက်မျိုးတောင် ဝင်လာခဲ့သေးသည်။ ယွီဖုန်းချန်က သားရဲကောင်နှင့် ခြားနားနေတာမျိုး မရှိ။ သူ့ရဲ့အဆင်မပြေဖြစ်နေတဲ့ခြေထောက်များကြောင့်သာ မဟုတ်လျှင် မနေ့ညက အကြိမ်ရေအနည်းငယ်မျှ လုပ်ရုံနှင့် ပြီးသွားမှာ မဟုတ်။

သူ ခဏကြာအောင် လှဲနေပြီးမှ အော်ခေါ်လိုက်သည်။ "ဖုန်းချန်"

တစ်ခဏအတွင်းမှာပဲ ယွီဖုန်းချန်က ခြေတစ်ချောင်းထဲနှင့် ခုန်ပြီး တံခါးကို တွန်းဖွင့်ဝင်လာသည်။ သူက မျက်နှာအနားသို့ တိုးကပ်လာပြီးမှ စောင်အပြင်ရောက်နေသည့် ပိုင်ရှင်းယွီရဲ့ အဝတ်အစားမကပ်တဲ့ ပေါင်တံသွယ်များကို ကြည့်ရင်း မျက်လုံးမှေးကျဉ်းသွားလေသည်။ "နိုးပြီလား၊ အိပ်ရတာရော ဘယ်လိုနေလဲ။"

"မဆိုးပါဘူး။" ပိုင်ရှင်းယွီ ထထိုင်ကာ သူ့အင်္ကျီမကပ်တဲ့ အပေါ်ပိုင်းတစ်ခုလုံး ယွီဖုန်းချန်ရဲ့ ကိုက်ရာများဖြင့် ပြည့်နှက်နေတာကို ဝေဝေဝါးဝါးတွေ့မြင်လိုက်ရသည်။

ယွီဖုန်းချန် အနားလျှောက်လာပြီးမှ ငုံ့ကိုင်းချကာ အိပ်ရာကို လက်ဖြင့်ဖိထောက်ထားရင်း ပိုင်ရှင်းယွီနှင့် နဖူးချင်း ထိကပ်ထားလေသည်။ "တကယ်တော့၊ ငါ မေးချင်တာက မနေ့ညက ဘယ်လိုနေလဲလို့။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now