18

10.5K 2K 288
                                    

[Unicode]

'ရစ်သီနေသော အရှက်တရား'

သူ အရှေ့အရပ်မှ အလင်းတန်းများကို ကြည့်နေချိန်အတွင်း တပ်သားသစ် တော်တ်ောများများက ကွင်းပြင်အနားသို့ ဖြည်းဖြည်းချင်း တရွတ်တိုက်ဆွဲ ပြန်ပြေးသွားကြသည်။ ချန်းကျင်း အချိန်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"ဖုန်းချန်၊ မင်းတို့ အရင်သွားနှင့်တော့။ တစ်ဖွဲ့လုံး တကယ် ပြန်ပြေးရအောင် မလုပ်နဲ့။"

ယွီဖုန်းချန် ခေါင်းငြိမ့်လိုက်သည်၊ သူ ပိုင်ရှင်းယွီကို နားလည်ရခက်သည့် အကြည့်တစ်မျိုးဖြင့် ကြည့်ပြီးနောက် ခံနိုင်ရည်ရှိ၊ ကြံ့ခိုင်သော စစ်သားများနှင့်အတူ ပိုလျင်မြန်သည့် အရှိန်ဖြင့် စပြေးထွက်သွားသည်။

ချန်းကျင်းနှင့် ပိုင်ရှင်းယွီ စစ်တပ်ကွင်းပြင်သို့ ပြန်ရောက်ချိန်တွင် နာရီဝက်ကျော်သွားပြီဆိုသည်မှာ သိသာလှသည်။ တတိယအဖွဲ့မှ နောက်ကျ ပြန်ရောက်လာသူထဲတွင် သူတို့နှစ်ယောက်သာ ရှိသည်။

ပိုင်ရှင်းယွီ ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်နေသည်၊ သူ့နှာခေါင်းများကလည်း စပ်ဖျဉ်းဖျဉ်းဖြစ်နေကာ သူ ငိုချင်နေမိသည်။ သူ့ခြေထောက်များကလည်း ကျိုးတော့မတတ်ဖြစ်နေပေမယ့် သူ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြန်ရောက်မလာနိုင်။ တစ်ဖွဲ့လုံးထဲတွင် အချိန်မှီ မပြေးနိုင်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်သည်၊ သူ တစ်ယောက်တည်းသာ။ ဒီမှာရှိနေသည့် တစ်လ၊ အခြားစစ်သားများ ကိုယ်ခန္ဓာကြံ့ခိုင်ရေး သင်ခန်းစာများနှင့် အသားကျအောင် ကြိုးစားရင်း တဖြည်းဖြည်းတိုးတက်လာချိန်တွင် သူတစ်ယောက်တည်းကသာ အပျင်းတစ်ပြီး ကျော်ဖြတ်နိုင်ရုံဆိုသည့် မျဉ်းတည့်တည့်တွင် ရပ်တန့်နေခဲ့သည်။ ရလဒ်အနေနဲ့ကတော့ ရွှီချောင်ရဲ့ ရုတ်တရက်ဆန်လှသည့် လေ့ကျင့်မှုအောက်တွင် ကွာခြားချက် ရလဒ်များက ပေါ်ထွက်လာတော့သည်။

ရွှီချန် လက်နောက်ပစ်ကာ လမ်းလျှောက်လာပြီး သူ ချန်းကျင်းကို ကြည့်ရင်း မေးလိုက်သည်။

"မင်းက ဘယ်လိုဖြစ်ရတာလဲ။"

"တပ်မှူးကို သတင်းပို့၊ ကျွန်တော်က သူ့အဖွဲ့ရဲ့ခေါင်းဆောင်ပါ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now