17

11K 2K 179
                                    

[Unicode]

"Up the Dosage"

စစ်တပ်ရဲ့ လေ့ကျင့်ရေးများက တစ်ဆင့်ချင်းသွားရမှာဆိုပေမယ့် ရွှီချောင်က သူ အရင်က ပြောထားဖူးတဲ့ "ကိစ္စတိုင်းကို တမူထူးဆောင်ရွက်မည်" ဆိုသည့် ကတိအား တကယ် လိုက်နာခဲ့သည်။ လဝက်အကြာ၊ အခြေခံ လေ့ကျင့်ခန်းများ ပြီးဆုံးသွားသည်နှင့် သူက ကိုယ့်ခန္ဓာကြံခိုင်ရေး အစီအစဉ်များနှင့် နေ့စဉ် သစ်တောအတွင်းပြေးခြင်း လုပ်ငန်းကို စတင်လာတော့သည်။ မနက်ခင်း 3km ပြေးရခြင်းမှ 5kmသို့ တိုးသွားပြီးနောက် ညစာ မတိုင်ခင် ပြေးရခြင်းကလည်း တဖြည်းဖြည်း 5kmသို့ တိုးသွားသည်။ ထို့အပြင် ကြားရပုံအရ တစ်လအတွင်း တစ်နေ့ 5kmကို ဝန်များ ထမ်းကာ ပြေးရလိမ့်မည်။

ပိုင်ရှင်းယွီ ကျင့်သားရနေသည့် လေ့ကျင့်ရေး အဆင့်က တစ်ပြိုင်နက် တိုးသွားတာမို့ သူ အမှီမလိုက်နိုင် ဖြစ်သွားသည်။ အပြေးလေ့ကျင့်ခန်းတွင် နောက်ကျကျန်ခဲ့သူများကို အပြစ်ပေးရပါက သူက ထိုအထဲ အမြဲပါဝင်နေတတ်ပြီး အပြစ်ပေးခံရသည့် နည်းလမ်းများက ကွဲပြားသည်၊ ဒိုက်ထိုးခြင်း၊ ထိုင်ထ၊ ဖားခုန် ခုန်ရခြင်း၊ အကြောလျော့ခြင်း။ ပိုင်ရှင်းယွီမှာ နေ့တိုင်း ပင်ပန်းလွန်းတာမို့ ထပ်သေတော့မလိုတောင် ခံစားနေရသည်။

ဒီလေ့ကျင့်ရေး နည်းလမ်းစဉ်များကို လိုက်မလုပ်နိုင်သူမှာ သူတစ်ယောက်တည်းမဟုတ်။ တပ်သားသစ် အများအပြားကလည်း ကွယ်ရာတွင် မကျေမနပ်ညည်းညူလာကြသည်။ သူတို့တွေက နေ့တိုင်း ပင်ပန်းလွန်းနေတာမို့ အိပ်ယာဖြင့် ထိလိုက်တာနှင့် အိပ်ပျော်မလိုအထိပင်။ ဒီအချိန်တွင်တော့ တပ်သားကောင်းနှင့် ရေသာခို တပ်သားဆိုသည့် ကွာခြားမှုက သိသိသာသာကို ကွာဟချက် ပြလာသည်။ ပိုင်ရှင်းယွီ ယွီဖုန်းချန်နှင့် ပတ်သတ်ပြီး မကျေမနပ်ဖြစ်နေပေမယ့် ယွီဖုန်းချန် လုပ်ဆောင်ချက်များက တပ်သားသစ်များကြားထဲရှိ အတော်ဆုံးဆိုသည့်အထဲတွင် ပါဝင်သည်။ သူက စိတ်ဝေဒနာရှင် ရွှီချောင်လို လူမျိုးကို တစ်ခါတစ်ရံ ရယ်ပြုံးအောင် လုပ်နိုင်သည့် တပ်သားအနည်းစုထဲတွင် ပါဝင်ပြီး သေချာပေါက် ပိုင်ရှင်းယွီကတော့ အမှားတစ်ခု တွေ့လိုက်တာနှင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသည့် အဖွဲ့ထဲတွင် ပါဝင်လေသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now