47

15K 2K 777
                                    

[Unicode]

'အဲ့လိုမျိုး ငါက အမှတ်ကြီးတယ်။'

ပိုင်ရှင်းယွီ မကြည်မသာပြောလိုက်သည်။ "မင်းနဲ့ယှဉ်လိုက်ရင်တော့ လူတိုင်းက မျက်နှာအရည်မထူကြဘူး။"

ယွီဖုန်းချန် ပြုံးလိုက်သည်။ "တကယ်လား။ ငါ့ကို ပေးမြည်း .." ပြောပြီးသည်နှင့် သူ ငုံ့ကိုင်လျက် ပိုင်ရှင်းယွီ ပါးအား တစ်ချက် လှမ်းနမ်းလိုက်သည်။

ပိုင်ရှင်းယွီ မျက်နှာက တစ်ဖန် ပူလောင်လာပြန်သည်။ "ရပြီ၊ ရပြီ။ ငါ တကယ် ငါ့အစ်ကို ကို သွားတွေ့တော့မယ်။"

ယွီဖုန်းချန် သူ့ကို လွှတ်ပေးလိုက်သည်။ "ဆံပင်ကို ခြောက်အောင် သုတ်။"

ပိုင်ရှင်းယွီ ခေါင်းကို ပွတ်သုတ်လိုက်သည်။ "ဒီလိုပုံစံအထိ အညှပ်ခံထားရပြီးမှ ဘာဆံပင်ရှိဦးမှာလဲ။" သူ သဘတ်ကို ဘေးပစ်ချပြီး ရေချိုးခန်းအပြင်သို့ ထွက်သွားသည်။ သူ့အောက်ပိုင်းက နာကျင်နေဆဲဆိုပေမယ့် သူကလည်း ဘာမှမဖြစ်သလို လမ်းလျှောက်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေသည်။ သို့ပေမယ့်လည်း သူ လမ်းလျှောက်လိုက်တိုင်း အနည်းငယ်မျှ ကွတတဖြစ်နေပြီး အနောက်မှ ကြည့်ပါက ရယ်ချင်စဖွယ်ဖြစ်သည်။ ယွီဖုန်းချန် ရယ်ချင်နေသည်ကို အောင့်ထားရင်း ဒါတွေအကုန်လုံးက သူ့ကြောင့်ဖြစ်လာရတာဟူသည့်အတွေးတွင် ခံစားချက်ကောင်းများ ပေါက်ဖွားလာတော့သည်။

ပိုင်ရှင်းယွီ အနောက် ပြန်လှည့်မကြည့်ပေမယ့် သူ့အနောက်မှ ယွီဖုန်းချန် သူ့အား ပြုံးဖြီးဖြီးနှင့် ကြည့်နေသည်ကို ခံစားလို့ရနေသည်။ သူ့မျက်နှာနီရဲလာလျက် သူ အခန်းအတွင်းသို့ အမြန်လျှောက်ဝင်သွားကာ အင်္ကျီဝတ်လဲပြီးနောက် ကျန်းဆွေ့ယင်းအခန်းကတ်ကို ယူပြီး အပြင် အပြေးထွက်သွားလိုက်သည်။

အခန်းထဲဝင်သွားချိန် ကျန်းဆွေ့ယင်းက တကယ် အိပ်ပျော်နေဆဲဖြစ်သည်။ ပြတင်းပေါက်က အနည်းငယ်လှစ်ဟထားပြီး အခန်းထဲ ဝိုင်အနံ့အသက်က ပြင်းထန်နေသည်။ ပိုင်ရှင်းယွီ မှတ်မိထားသလောက် သူ ကုတင်ပေါ်နှင့် ကော်ဇောပေါ် ထိုးအန်ကျထားသည်ဆိုပေမယ့် အခုတော့ သန့်ရှင်းထားပြီး ဖြစ်နေသည်။ ကြည့်ရတာ ခုနက ယွီဖုန်းချန် ဒီအခန်းထဲ အချိန်အကြာနေသည်မှာ ထိုအရာများကို ရှင်းနေ၍ဖြစ်ရမည်။ ယွီဖုန်းချန်က အလုပ်ကောင်းကောင်း လုပ်နေတာပဲဟု တွေးမိပြန်တော့ ပိုင်ရှင်းယွီ ကျေနပ်သလို နှာမှုတ်လိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now