Special Chapter 8

8.2K 987 145
                                    

[Unicode]

'ကြက်သားစားခြင်း'

"ကားရှာတွေ့ပြီလား။ သွားသင့်နေပြီ။" ယွီဖုန်းချန် လောဆော်လိုက်သည်။

"မတွေ့သေးဘူးလေ၊ တာ့ကော။ ဆင်းတဲ့နေရာက ဘယ်လောက်တောင်ဆိုးလိုက်လဲ။ ဒါမှမဟုတ် ပြေးကြရအောင်။"

"ဝေးလွန်းတယ်။ ဆက်ရှာ။" ယွီဖုန်းချန် မြေပြင်ပေါ်ရှိ M416 ကို ကောက်ယူပြီး သူ့လက်ထဲရှိ SCAR နှင့်လဲ၍ သေနတ်ထဲရှိကျည်ဆံကို ယူထည့်တာတောင်မှ သူစုမိတဲ့ကျည်ဆန်အရေအတွက်က မလုံလောက်သေး။

"တကယ် ဘာမှမရှိနေဘူး။ ဒီလောက်သေးလွန်းတဲ့နေရာ။ ပြေးတော့မယ်။ သွားရအောင် တာ့ကော။"

"ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ။" ယွီဖုန်းချန် ခပ်တိုးတိုးရယ်ရင်း အမိန့်ပေးသလိုအသံဖြင့် တမင်ပြောလိုက်သည်။

"မင်း အမိန့်ပေးရတာကို စွဲလမ်းနေပြီပေါ့၊ ဟုတ်လား။" ပိုင်ရှင်းယွီ တိုးလျလျနှာမှုတ်ရင်းပြောလာသည်။ "ပြောထားပြီးပြီမလား၊ အိမ်မှာဆိုရင်တော့ ငါကခေါင်းဆောင်ပဲလို့။"

"မင်း ငါ့ကို ခေါင်းဆောင်လို့ခေါ်တာမျိုးလည်း ငါ မလိုချင်ပါဘူး။"

"အသင်းခေါင်းဆောင်?"

"မမှန်သေးဘူး။" ယွီဖုန်းချန် ပိုင်ရှင်းယွီအနားကို ပြေးသွားလိုက်သည်။ "ငါ့ဆီမှာ 'အသံတိတ်'ရှိတယ်။ လိုချင်လား။"

[T/N : အသံတိတ်; suppressor , PUBG ဂိမ်းထဲ သေနတ်ပစ်ရာ၌ အသံမထွက်အောင် တပ်ရတဲ့ပစ္စည်းတစ်မျိုး]

"လိုချင်တယ်၊ လိုချင်တယ်၊ လိုချင်တယ်။ လောင်ပိုင် ငါ့ကိုပေးလေ!"

"ဒါလည်း မမှန်သေးဘူး။"

"အင်း ... လောင်ကုန်း?" ပိုင်ရှင်းယွီ စမ်းခေါ်ကြည့်လိုက်သည်။

"လိမ္မာတယ်၊ လာယူတော့။"

"ဖာ့ခ်၊ ဂိမ်းကစားနေတဲ့အချိန်လေးတော့ မင်း အလေးအနက်ဆော့လို့မရဘူးလား။ ငါတို့က အခု ရဲဘော်ရဲဘက်တွေကွ။ နားလည်ရဲ့လား။" ပိုင်ရှင်းယွီ ဖုန်းထဲကနေတစ်ဆင့် တရစပ်ပြောတော့သည်။ "ထပ်ပြောရရင် မင်း အခုချိန်ဆို အဆောင်မှာ မဟုတ်ဘူးလား။ မင်း နည်းနည်းလေးမျက်နှာပူတတ်ပါဦး၊ ဟုတ်ပြီလား။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now