57

11.6K 1.8K 919
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ ;
ပထမဆုံး အဖွဲ့ဝင် အထုတ်ခံရခြင်း'

ချန်းကျင်း ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် တီးတိုးရေရွတ်လိုက်သည်။ "ရှင်းယွီ၊ မင်း အသက်ရှုသံ အရမ်းပြင်းနေတယ်။"

ပိုင်ရှင်းယွီ အလျင်အမြန် ပါးစပ်ပိတ်ထားလိုက်သည်။ သူ့လက်ထဲတွင်တော့ 95 ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားလျက်။ ဒီသေနတ်ကိုပဲ သူတို့အား ပေးထားတာဖြစ်သည်။ သူ ယွီဖုန်ချန်ကို သေနတ်ပစ်ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်လည်း ဒီသေနတ်အား အသုံးပြုခဲ့သည်။ ထိုအချိန်က ရွေ့လျားပစ်မှတ်များကို ပစ်ခတ်ရာတွင် သုံးခဲ့ခြင်းဖြစ်သည်။ သူ ဒီသေနတ်နဲ့ လွန်စွာ ရင်းနှီးကျွမ်းဝင်နေတာမို့ သေချာပစ်ခတ်နိုင်မည်ဟုလည်း ယုံကြည်သည်။ သူ သေချာပေါက် ပစ်မှတ်ကို ထိအောင် ပစ်နိုင်တယ်! သူ အသက်ပြင်းပြင်း ရှုရှိုက်ရင်း မြက်ခင်းများအကြား ဝပ်လှဲချကာ မြက်ပင်များဖြင့် သူ့ကိုယ်သူ ဖုံးထားရင်း သစ်ပင်အနောက်တွင် ပုန်းကွယ်နေသည့် ရန်သူ၏ အရိပ်အယောင်အား ရှာဖွေလိုက်တော့သည်။

ယွီဖုန်းချန် တိုးတိုးပြောလာသည်။ "အကာအကွယ် ယူ။" ထို့နောက် သူနှင့် ချန်းကျင်း ရုတ်တရက်ဆိုသလို မြက်ခင်းများအကြား ထပြေးပြီး သေနတ်သံများလည်း ဆက်တိုက်ဆိုသလို ထွက်လာတော့သည်။

ပိုင်ရှင်းယွီ သစ်ပင်အနောက်တွင် အကာအကွယ်ယူနေရာမှ ထွက်လာသည့် စစ်သားကို ချိန်ထားလိုက်သည်။ သူ့လက်ညှိုးက မောင်းတံခလုတ်ကို ပွတ်လျက်ရှိနေပြီး သူ့ခေါင်းထဲတွင်လည်း ခဏတာမျှ ဗလာဖြစ်သွားသည်။ သက်ရှိလူတစ်ယောက်ကို ပစ်မှတ်အဖြစ် ချိန်ဖူးသည်မှာ သူ့အတွက် ဒါ ပထမဆုံးပင်။ သူက ရွေ့လျားနေသည့် ပစ်မှတ်မဟုတ်သလို ဘီယာပုလင်းလည်း မဟုတ်။ လူတစ်ယောက်ဖြစ်ပြီး လှုပ်ရှားမှုက လျင်မြန်သည်။ ရွေ့လျား ပစ်မှတ်ထက် မြန်ပေမယ့် .. လေပေါ် မြှောက်တင်ခံလိုက်ရသည့် ဘီယာပုလင်းထက်တော့ နှေးကွေးသည်!

ပိုင်ရှင်းယွီ ချက်ချင်းဆိုသလို မောင်းတံခလုတ်ကို ဖိနှိပ်ချလိုက်သည်။ 'ဘန်း'ဆိုသည့် အသံနှင့်အတူ အရှေ့မှ စစ်သား၏ ရင်ဘတ်ကို ကျည်ဆံ သွားထိသည်။ အဖြူရောင် မီးခိုးငွေ့များက ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီး ပိုင်ရှင်းယွီ၏ အမြင်အာရုံကို ခဏတာမျှ ပိတ်ပင်သွားလေသည်။ ပိုင်ရှင်းယွီ နှလုံးခုန်သံက အလွန့် အလွန်ကို လျင်မြန်လာတော့သည်။ စိတ်လှုပ်ရှားလွန်းနေသည်မို့ ထအော်ချင်မိသည်အထိ။ သူ ပစ်လိုက်တယ်! သူ 'ရန်သူ' ကို သတ်လိုက်နိုင်တယ်! အရမ်းမိုက်တာပဲ! အရမ်းပျော်ဖို့ကောင်းတာပဲ!

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now