30

12.6K 1.9K 665
                                    

[Unicode]

'အရက်မူးနေကြတဲ့ ကောင်လေးတွေ'

ချန်းကျင်း မျက်မှောင်ကြုပ်သွားသည်။ "တပ်စုခေါင်းဆောင်၊ ကျွန်တော့်ကို အရင်လွှတ်ပေးလို့ရမလား။ ခင်ဗျားက အရမ်း လေးလွန်းတယ်။"

ဟော့ချောင် ရယ်သည်။ "ဒါဆို အရင်သဘောတူလိုက်လေ။"

ရွှီချွမ် အနားရောက်လာပြီး ဟော့ချောင်ကို ဆွဲမလိုက်သည်။ "ဒီမှာ လူယုတ်မာ ပုံစံလာဖမ်းမနေနဲ့။ ချန်းကျင်းက စစ်တက္ကသိုလ်ကျောင်း သွားချင်နေသေးတာ၊ မင်း လေကုန်ခံလည်း မထူးဘူး။"

ဟော့ချောင် ကြက်သေ သေသွားသည်။ "မင်းက စစ်တက္ကသိုလ်ကျောင်း တက်ချင်တာလား။"

ချန်းကျင်း အနည်းငယ်ရှက်ရွံ့နေပုံဖြင့် ပြောလိုက်သည်။ "ဟုတ်"

ရွှီချွမ် ပြောလိုက်သည်။ "ဒီနှစ် တပ်ရင်းက လူနှစ်ယောက်စာပဲ ထောက်ခံစာထုတ်ပေးတယ်။ အတိအလင်းမကြေညာသေးပေမယ့် သူ့ကိုတော့ အတည်ပြု ရွေးပြီးသွားပြီ။ အခုတပ်သားသစ် လေ့ကျင့်ရေးတွေပြီးတာနဲ့ သူ သွားရတော့မှာ။"

ပိုင်ရှင်းယွီ 'အာ'လို့ အသံထွက်လာပြီး "အဖွဲ့ခေါင်းဆောင်၊ စစ်တက္ကသိုလ်သွားရင် ကျွန်တော်တို့က ဘယ်လိုလုပ်ရမှာလဲ။"

ယွီဖုန်းချန် သူ့ကော်လံကို ဆွဲမပြီး အမှုမထားသလို ခပ်တည်တည်ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်က မင်းအမေမှ မဟုတ်တာ။ ဘာကို ဘာလိုလုပ်ရမှာလဲ။"

ချန်းကျင်း ပြောလိုက်သည်။ "အဲ့ဒါက အခုထိ တရားဝင် ဆုံးဖြတ်ချက်ကျသေးတာ မဟုတ်ဘူး။ ပြီးတော့ ငါက မင်းကို ဒီစစ်စခန်းမှာပဲ ဦးဆောင်နည်းပြပေးရတာ၊ နောက်ကျရင် မင်းမှာ အဖွဲ့ခေါင်းဆောင်အသစ် ရှိလာလိမ့်မယ် .. တပ်စုခေါင်းဆောင်၊ ကျွန်တော့်ကို အရင်လွှတ်ပေးလို့ ရမလား။"

ဟော့ချောင် မကျေမနပ်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ "ရှောင်းချန်၊ မင်းက စစ်တက္ကသိုလ်ကျောင်းကို သွားရတော့မှာပေါ့။ ဒါလည်း ကောင်းပါတယ်။ အဲ့ဒါက မင်း အမြဲဖြစ်ချင်ခဲ့တဲ့ အိပ်မက်မှန်း ငါ သိနေတာပဲ။ ငါ မင်းအဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now