67

12.3K 1.9K 583
                                    

[Unicode]

'ချစ်ရသူနှင့် ပြိုင်ဘက် အချင်းချင်းပစ်ခတ်ကြခြင်း'

သူတို့ရဲ့နည်းပြခေါင်းဆောင်မှာ ဟော့ချောင်ဖြစ်ပြီး အကူနည်းပြမှာ ယန်ချင်းဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ပြုံးဖြီးနေသည့် ကျားသစ်ကောင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အေးစက်စက် မျက်နှာရှိသည့်ဝံပုလွေနှင့် တူလှသည်။ သို့ပေမဲ့ ဘယ်တစ်ယောက်က ပိုကြောက်ဖို့ကောင်းသလဲ ပြောရရင်တော့ ဟော့ချောင်၏ သူ့တို့စိတ်ထဲ ချန်ရစ်ခဲ့သည့်အရိပ်မည်းက ပိုပြင်းထန်ပုံပင်။ ယန်ချင်းက ပိုပြီးတည်ကြည်လေးနက်ပေမယ့် အချိန်အတော်ကြာ ပြောဆိုဆက်ဆံပြီးသည့်နောက် သူ့အထဲတွင်လည်း လူသားဆန်မှုများရှိနေသေးမှန်း မြင်နေရသည်။ ဟော့ချောင်ကတော့ အမြဲစကားတပြောပြောနှင့် ရယ်ရယ်မောမောရှိလှပေမယ့် သူတို့အကုန်လုံးကို လဲကျသွားတော့မတတ် အထပ်ထပ်လေ့ကျင့်စေသည်။ တစ်ခါတစ်ရံဆိုပါက သူတို့ နတ်ဆိုးများရဲ့ဘုရင် ဟော့ချောင် ပေါ်မလာဖို့ ဆုတောင်းနေမိသည်။ ထိုအခါမှသာ တစ်နေ့တာက အနည်းငယ်မျှ သက်သာရာရသွားသလိုပင်။

တစ်နေ့တာလေ့ကျင့်မှု ပြီးချိန်တွင်တော့ သူတို့လေးယောက်လုံး အဆောင်ရှိရာသို့ တရွတ်တိုက်ဆွဲပြန်လာကြပြီး စကားပြောဖို့အတွက်တောင် ပင်ပန်းနေကြသည်။

ပိုင်ရှင်းယွီ ချန်းကျင်းအား ပြောလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော်တို့ အချင်းချင်းနှိပ်ပေးရအောင်။ မဟုတ်ရင် မနက်ဖြန် ကျွန်တော့်ခြေထောက်တွေ လှုပ်နိုင်တော့မှာမဟုတ်ဘူး။"

ချန်းကျင်း ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။"

သူ အိပ်ရာပေါ်ထိုင်ပြီး ပိုင်ရှင်းယွီ၏ ပေါင်ကြွက်သားများကို ဦးဆုံး ပုတ်ပေးပြီးမှ နှိပ်နယ်ပေးလိုက်သည်။ ပိုင်ရှင်းယွီ နာကျင်မှုဖြင့် ညည်းတွားလိုက်ပြီး အီလိုက်သည်။ "ပြောတာကြားသလောက် ၁၀ရက်ပဲရှိသေးတာဆို?"

ချန်းကျင်း ခါးသက်သက် ပြုံးလိုက်သည်။ "အင်း၊ နောက်ထပ် ရက်၅၀ကျန်သေးတယ်။"

ပိုင်ရှင်းယွီ ရုတ်တရက် သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားသလိုခံစားလိုက်ရသည်။ "ခေါင်းဆောင်၊ တောင့်ခံနိုင်သေးလား။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now