Special Chapter 11

4.8K 644 18
                                    

[Unicode]

'ဌာနတစ်ခုလုံးရဲ့ပထမ ယွီဖုန်းချန်'

ယွီဖုန်းချန်ရဲ့နောက်ဆုံးစာမေးပွဲရလဒ်များ ထွက်လာခဲ့ပြီး အမှတ်စုစုပေါင်းက ဌာနတစ်ခုလုံးတွင် ပထမဖြစ်၏။

ပိုင်ရှင်းယွီ ရလဒ်ကို မယုံနိုင်သလိုကြည့်ရင်း 'ဝေါင်း' ဟု သုံးကြိမ်တိတိပြောနေမိတော့သည်။

"တကယ်ကြီး မင်းလား။ မင်းက အဲ့လောက်တောင် တော်တယ်?"

"မင်း အဲ့လောက်တောင်အံ့ဩနေတယ်ပေါ့။" ယွီဖုန်းချန် မေးထောက်ထားရင်း သူ့ကို ပြုံး၍ကြည့်လိုက်သည်။

ပိုင်ရှင်းယွီလည်း ယွီဖုန်းချန်က အမြဲပြောင်မြောက်ပြီး လုပ်သမျှအရာရာတိုင်းတွင်လည်း ပထမဖြစ်ချင်မှန်း သေချာပေါက်သိထားပေမယ့် သူ့အနေနှင့် ပျင်းစရာအတွေးအခေါ်နှင့် သီအိုရီများကိုပါ အလွတ်မပေးဟု မထင်ထားရုံသာ။

ပိုင်ရှင်းယွီ အော်ရယ်လျက် သူ့ပါးကို ခပ်ကြမ်းကြမ်းနမ်းရှိုက်လိုက်သည်။ "လောင်ကုန်း အရမ်းမိုက်"

ယွီဖုန်းချန် သူ့ခါးကို လက်နောက်ပြန်ဖက်ထားရင်း မျက်နှာတစ်ခုလုံး အပြုံးပန်းများဝေနေတော့သည်။ သူ့အဆင့်များ ဘယ်လောက်ကောင်းပါစေ၊ ပိုင်ရှင်းယွီ သူ့ကို သဘောတကျကြည့်ရင်း ချီးကျူးပေးလာတာလောက် အရေးမကြီးလှ။ "ငါ အားလပ်ရက်ရပြီ။ ငါတို့ခရီးသွားရအောင်။"

"ကောင်းတာပဲ။ ဘယ်သွားကြမလဲ။" ပိုင်ရှင်းယွီ ယွီဖုန်းချန်ပေါင်ပေါ်ထိုင်ရင်း သီဟိုဠ်စေ့များကို သူ့ပါးစပ်ထဲ တစ်ခုပြီးတစ်ခု ပစ်သွင်းရင်း ယွီဖုန်းချန်အတွက်လည်း သတိတရနှင့် ခွံ့ကျွေးလိုက်သေးသည်။

"ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်။ တောင်ပေါ်ဒေသ၊ ရေကြည်ကြည်နဲ့ လေထုလည်းကောင်းပြီး ရာသီဥတုလည်း နွေးနွေးလေးဖြစ်တဲ့နေရာမျိုးမှာ ဆယ်ရက်၊ ဆယ်ငါးရက်လောက်နေရအောင်။"

"အာ.." ပိုင်ရှင်းယွီ တွန့်ဆုတ်မှုနည်းနည်းဖြင့်ပြောလာသည်။ "ဆယ်ရက်၊ ဆယ်ရက်ငါးကတော့ များလွန်းတယ်။ ငါ့ကုမ္ပဏီမှာလည်း လုပ်စရာကိစ္စတွေ အများကြီးရှိနေသေးတာ။ ငါ့အစ်ကို ငါ့ကိုဆဲလိမ့်မယ်။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now