109

13.9K 2K 385
                                    

[Unicode]

'ထော့ကျိုးတစ်ယောက်နှင့် စကားပြောခြင်း'

ပိုင်ရှင်းယွီ ကံကောင်းထောက်မစွာနှင့် သူ့အမေ စာကို ရှာမတွေ့သွားဖို့မျှော်လင့်မိပေမယ့် သူ အနားလျှောက်သွားကြည့်လိုက်ချိန် လက်ရေးစာလေးက စားပွဲပေါ် အပြန့်သားလေး ရှိနေ၏။ သူ တည်ငြိမ်သည့်ဟန်ပန်ကို ထိန်းထားရင်းပြောလိုက်သည်။ "မား၊ ဓာတ်ပုံတွေကြည့်နေတာလား။"

လီဝေ့ကျီ နီရဲနေတဲ့မျက်ဝန်းများဖြင့် မော့ကြည့်လာပြီး သူ့ကို အကြည့်မလွဲတမ်းငေးကြည့်နေလျက် ဂနာမငြိမ်သလိုဝမ်းနည်းနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။

ပိုင်ရှင်းယွီ ရုတ်ချည်းဆိုသလို သူ့နှလုံးသားထဲ နာကျင်လာပြီး အနားလျှောက်သွားကာ သူမ လက်ကိုကိုင်ထားပေးမိသည်။ "မား၊ ကျွန်တော် .."

သူ လိမ်ညာပြောလိုက်ချင်ပေမယ့် သူ့အမေရဲ့ဆောက်တည်ရာမရဖြစ်နေတဲ့မျက်နှာကို မြင်မိချိန် ပါးစပ်ဖျားအနားရောက်နေသည့် အလိမ်အညာစကားများ ပြောမထွက်နိုင်ဖြစ်လာရသည်။ အရင်ကဆို သူ ပါးစပ်ဖွင့်လိုက်တာနှင့် အလိမ်အညာစကားများသာ ထွက်ပေါ်လာပေမယ့် အခုတော့ အခြေအနေဆိုးလာပုံပင်။ သူ သူ့အမေထံ လိမ်ချင်စိတ်လည်း မရှိသလို ငြင်းဆိုလို့မရနိုင်တဲ့သက်သေခံပစ္စည်းများကိုလည်း မငြင်းပယ်ချင်။

လီဝေ့ကျီ တုန်တုန်ယင်ယင်နှင့်ပြောလာသည်။ "ဒါတွေအကုန် တကယ်လား။"

ပိုင်ရှင်းယွီ တိုးလျလျပြန်ပြောမိသည်။ "မား၊ တောင်းပန်ပါတယ်။"

လီဝေ့ကျီ သူ့ကို ရိုက်ဖို့ လက်ရွယ်လိုက်ပေမယ့် လက်မြောက်ပြီးချိန်မှာတော့ မလုပ်ရက်နိုင်ဖြစ်သွားပြီး လေပေါ်မှာသာ တန့်သွားရသည်။

ပိုင်ရှင်းယွီ သူမလက်ကို ဆွဲယူကာ သူ့မျက်နှာပေါ် ခပ်ကြမ်းကြမ်းလွှဲရိုက်ရင်း ထပ်ပြောလိုက်သည်။ "မား၊ တောင်းပန်ပါတယ်။"

သူ သူ့အမေရဲ့စိတ်ပျက်သလိုမျက်ဝန်းများကို မော့မကြည့်ရဲ။ အရင်ကတော့ မသိခဲ့ပေမယ့် ဒီလိုအကြည့်မျိုးက သူ့ကို အရှက်ရနေစေသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now