50

13.1K 2K 436
                                    

[Unicode]

'နှင်းကျားသစ်တပ်မဟာသို့ သွားတော့မည်။'

ယွီဖုန်းချန် မျက်နှာလွှဲလိုက်ပြီး အသက်ဩဩနှင့် ပြောလာသည်။ "မင်း အဲ့လိုတွေးထားတာ အရမ်းကောင်းတယ်။"

ပိုင်ရှင်းယွီ ပါးစပ်အပြည့် ထမင်းတစ်လုပ်စားလိုက်ရင်း နင်သွားသလို ခံစားချက်ဖြင့် အသက်တောင် ကောင်းကောင်းမရှုနိုင်တော့။ ယွီဖုန်းချန် အနားမှာ ရှိနေလို့ သူ ထမင်း မြိုမကျဖြစ်နေခြင်း ဖြစ်ရမည်။ ဂြိုဟ်ဆိုးကောင်ဆိုသည့်အတိုင်း တကယ့်ကို ကံမကောင်းခြင်းများသာဖြစ်စေသည်။ သူတို့ စတွေ့ခဲ့သည့် ပထမဆုံးနေ့ကတည်းက သူ့ဘဝကို ကမောက်ကမဖြစ်စေခဲ့သူမို့ သူသာ ဒီဂြိုဟ်မွှေကောင်နှင့် ဝေးရာမှာ နေနိုင်ပါက အနာဂတ်တွင် သူ့ဘဝလမ်းခရီးက ပိုလို့တောင် ချောမွေ့ဖြောင့်ဖြူးလာလိမ့်မည်။ ဒါကလည်း ကောင်းသောကိစ္စရပ်ပင်!

နေ့လည်ခင်းမှာတော့ ရွှီချွမ်က သူတို့အား အလေးအပင် ထမ်းပိုးလျက် တောင်တက်စေရန် ခေါ်သွားသည်။ တောင်ထိပ်က ပင်လယ်ရေမျက်နှာပြင်၏ အထက် ၄၆၀၀မီတာအထိ မြင့်မားသည်။ ရွှီချွမ်က ထိုတောင်ထိပ်တွင် အလံတစ်ခု ကြိုစိုက်ထားပြီးဖြစ်ပြီး ပထမဆုံး ရရှိခဲ့သည့် အတန်းက နောက်တစ်လအတွက် တန်းမြှင့်အခန်းတွင် သင်ခွင့်ရမည်ဖြစ်သည်။ ဘယ်သူမဆို အလံကို ရယူနိုင်သည်ဆိုပေမယ့် ထိုအထဲ တန်းခွဲ၏ခေါင်းဆောင်များ မပါဝင်။ စစ်သားအကုန်လုံးက သူတို့ရောက်နေသည့် တောင်အမြင့်အနေအထားကို ကျင့်သားရယူပြီးဆိုပေမယ့် ရုတ်တရက် ဒီ့ထက်မြင့်သည့်နေရာတစ်ခုကို ပစ္စည်းအစုံအလင်နှင့် ထပ်တက်ရပြန်သည်။ မီတာတစ်ရာ တက်ပြီးသွားတိုင်း စစ်သားအချို့ နေရထိုင်ရမကောင်းဖြစ်လာသည်။ တောင်ထိပ်ရှိ နှင်းများက လွန်စွာ ထူထပ်သည်။ တောင်တက်ရာလမ်းက ပြေပြစ်တာမို့ နှင်းခဲများပြိုကျတတ်သည့် အန္တရာယ်တော့ မရှိ။ သို့ပေမယ့် ဒူးခေါင်းနစ်သည်အထိ ထူထပ်နေသည့် နှင်းထုများက သူတို့ တောင်တက်ရာတွက် အခက်အခဲကြီးစွာ ဖြစ်စေသည်။ သူတို့ ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၀၀မီတာကျော် ရောက်လာချိန်တွင်တော့ တော်တော်များများ စတင်ပြီး ဟောဟဲလိုက်လာကြသည်။ သို့ပေမယ့် သူတို့အကုန်လုံးက တပ်သားသစ်​များ မဟုတ်တော့တာမို့ မြေကြီးပေါ် လဲကျသွားပြီး မလှုပ်ရှားတော့တာမျိုး တစ်ယောက်မှ မပြုလုပ်။ သူတို့အကုန်လုံး အံတင်းတင်းကြိတ်ပြီးသာ အားကုန်သုံး အပေါ်သို့ ဆက်တက်သွားကြတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now