12

10.2K 1.7K 153
                                    

[Unicode]

"ပြေးလမ်း 7km"

ရှည်လျားလှတဲ့ တစ်နေ့တာ၏ အလုပ်များမှ ပင်ပန်းခြင်းကြောင့် ပိုင်ရှင်းယွီ များမကြာခင်မှာပဲ အိပ်ပျော်သွားတော့သည်။ သို့ပေမယ့် သူ အကြာကြီး အိပ်လိုက်ရတယ်လို့ မခံစားရသေးခင်မှာပဲ နှိုးစက် ထမြည်လာသည်။ သူ့နှိုးစက်အသံကို အမြင့်ဆုံး ထားထားပြီး နှိုးစက်အသံကလည်း မရပ်မနားကို မြည်နေသည်။ သူ အရမ်း အိပ်ချင်လွန်းတာမို့ မျက်လုံးတောင် မဖွင့်နိုင်။ စောင်အောက်မှာ နေနေရတာ နွေးထွေးကာ သက်တောင့်သက်သာ ရှိလှပြီး သူ နည်းနည်းလေးတောင် မလှုပ်ချင်။ သူ စောင်နှင့် သူ့နားကို အုပ်ထားရင်း လက်တွေ့ဘဝမှ ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။

တစ်စုံတစ်ယောက်က အိပ်နေရင်း လုံးထွေးနေသော အသံကျယ်ဖြင့် ထဆဲတော့သည်။

"ဘယ်ကောင့်ဖုန်းက မြည်နေတာလဲကွ!!"

ထို့နောက်မှာတော့ ပိုင်ရှင်းယွီ အကန်ခံလိုက်ရသည်။ လာရာလမ်းကြောင်းအရဆိုတော့ ယွီဖုန်းချန်ပဲ ဖြစ်ရမည်! သူစောင်ကို နာနာကျင်ကျင်နှင့် ဆွဲမကာ ဘေးစားပွဲပေါ်ရှိ ဖုန်းကို လှမ်းယူပြီး နှိုးစက်အား ပိတ်လိုက်သည်။ သူ တွေးလိုက်မိသည်၊

'နောက် ငါးမိနစ်ပဲ အိပ်မယ်၊ ငါးမိနစ်ထဲပဲ'

ဖုန်းသုန့်ယွမ် သူ့အပေါ်မှ တိုးတိုးလေး လှမ်းပြောလာသည်။ "ရှင်းယွီ၊ ရှင်းယွီ! ထတော့။"

ပိုင်ရှင်းယွီ ညည်းတွားလိုက်သည်၊ သူ မထချင်သေး။ သူ တစ်ဖက်သို့ လှိမ့်ရုံပဲ ရှိသေးသည်၊ သူ့ခြေသလုံးကိုနောက်ထပ်တစ်ကြိမ် အကန်ခံလိုက်ရပြန်သည်။ ဒီတစ်ခေါက် ကန်ချက်သည် အရင်တစ်ခေါက်ကထက် ပြင်းထန်လှသည်။ သူ ဒေါသတကြီး ပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲကွ၊ တော်တော့! ငါ နိုးနေပြီ။"

သူ့အသံက ရီဝေနေပြီး ငိုသံအနည်းငယ်တောင် ပါချင်နေတာမို့ သနားစဖွယ်ဖြစ်နေသည်။

ယွီဖုန်းချန် တိုးတိတ်စွာ ပြန်ပြောသည်။ "အဲ့တာဆိုလည်း ထ၊ သူများတွေ အိပ်နေတာကို မနှောင့်ယှက်နဲ့။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now