Special Chapter 10

5.1K 672 38
                                    

[Unicode]

'မီးဖိုချောင်ဖျက်ဆီးရေးသမား ပိုင်ရှင်းယွီ'

ဒီနေ့က ယွီဖုန်းချန်၏စာမေးပွဲများ ပြီးဆုံးသည့်နေ့ဖြစ်သည်။ သူ ပိတ်ရက်ရတော့မှာကို ဂုဏ်ပြုပေးရန်အတွက် ပိုင်ရှင်းယွီ သူကိုယ်တိုင် ဟင်းတစ်ခွက်နှစ်ခွက်မျှ ချက်ဖို့လုပ်လိုက်တော့သည်။ ရလဒ်အနေနှင့် ကြက်သားပြုတ်ထားရင်း ဂိမ်းသွားဆော့မိရာ ကြက်သားတင်မက အိုးပါ မဲတူးသွားလေသည်။ သူ့အနေနှင့် သက်သေခံပစ္စည်းများကို ဖျောက်ဖျက်ရန်လုပ်နေချိန်မှာပဲ ယွီဖုန်းချန်က ပြန်ရောက်လာခဲ့ပြီး သူ့ကိုရယ်ရင်း တစ်ဖက်ကလည်း အရမ်းပျော့ပြဲမနေသည့်ကြက်သားဖတ်နှစ်ဖတ်မျှ ရွေးယူ၍စားလိုက်တော့သည်။

ပိုင်ရှင်းယွီ စိတ်သက်သာရစွာနှင့်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်း စားနေတာပဲ။ စေတနာကို မြင်အောင်ကြည့်တဲ့။ မီးဖိုချောင်ကို ရှင်းခဲ့ဖို့သတိရဦး။"  ထို့နောက်မှာတော့ သူ ဂိမ်းသွားဆော့လေသည်။ ယွီဖုန်းချန် ပြုံးလျက် ဒေါသထွက်ခြင်းမရှိဘဲ မီးဖိုးချောင်ကို ရှင်းလင်းပြီးတာနှင့် သူ့မိန်းမဖြစ်သူနှင့် စာရင်းရှင်းဖို့သွားလိုက်သည်။

ယွီဖုန်းချန် ငါးကို ဆေးကြောပြီးတာနှင့် ရေပိတ်ပြီး ခုတ်ထစ်ချက်ပြုတ်ချင်ပေမယ့် အချိန်အတော်ကြာပြီးမှ ဓားရှာတွေ့လာတာတောင် ဘယ်လိုဆက်လုပ်ရမယ် မသိနေ။

"ရို့၊ မင်းပြောတော့ မင်းက ဘာမဆိုလုပ်တတ်တယ်ဆို?"

"မဟုတ်တာတွေ မပြောနဲ့။ လိုင်းပေါ်က ရှာကြည့်ကြည့်။"

"ငါ ရှာကြည့်ပြီးပြီ။ ပထမဆုံး ဓားနဲ့ ခေါင်းကို အရင်ဖိရိုက်လိုက်ရမယ်တဲ့။ ပြီးတော့မှ ငါးရဲ့ကိုယ်ကို ဖွင့်ပြီး အထဲက အူကလီစာတွေကိုရှင်းထုတ် ..."

ယွီဖုန်းချန် ဓားကိုလှမ်းယူပြီး ငါးကို လှီးဖြတ်ဖို့လုပ်ပေမယ့် အားထည့်လွန်သွားတာမို့ ငါးက စဉ်းနှီတုန်းနှင့်အတူ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတော့သည်။

ယွီဖုန်းချန် အနောက်ဆုတ်လိုက်ပေမယ့် ကြမ်းပြင်ပေါ် ရေများရှိနေတာမို့ ခြေချော်သွားပြီး ဓားကိုင်ထားလျက် နောက်ပြန်လဲကျလေသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now