Special Chapter 3

11.6K 1.5K 89
                                    


​[Unicode]

ရှောင်းယွီအတွက် အချပ်ပို(၃)

​နွေရာသီရဲ့ အပူရှိန်အပြင်းထန်ဆုံးဖြစ်တဲ့ဇူလှိုင်လတွင် ယွီဖုန်းချန် နှင်းကျားသစ်တပ်မဟာမှ ထွက်ကာ အိမ်ပြန်လာခဲ့သည်။ သို့​ပေမယ့် သူ အိမ်မှာ တစ်ရက်ကြာ​အောင်​တောင် မ​နေခဲ့။ အထုတ်အပိုးများ ချပြီးတာနှင့် ​ပေ့ကျင်းကို အ​ပြေးသွား​တော့သည်။

သူ ပိုင်ရှင်းယွီကို ဖုန်းဆက်လိုက်​ပေမယ့် ပိုင်ရှင်းယွီက​တော့ သူ့ကို ကြိုဆိုလာခြင်း မရှိ။ ထပ်ခါတလဲလဲ အငြင်းခံ​နေရ၍လည်း ဖြစ်လိမ့်မည်၊ တစ်ခါတစ်​လေကျ နာကျင်ခြင်းဆိုတာ သူ့အတွက် ထုံလို့​နေခဲ့ပြီ။ ထို့​ကြောင့် သူ အထူးတလည် ဝယ်လာတဲ့လက်​ဆောင်များကို သယ်​ဆောင်ရင်းသာ ပိုင်ရှင်းယွီအိမ် တန်းသွားလိုက်သည်။

ပိုင်ရှင်းယွီအ​မေက သူ့ကို ​နွေး​နွေး​ထွေး​ထွေးပင် ကြိုဆိုလာသည်။ သူ့အ​​ရှေ့က မြူးတူးရွှင်ပျ၍ တက်​ကြွ​နေသည့် ဒီအ​​မေဖြစ်သူကို ကြည့်ရင်း သူ့စိတ်ထဲ ရင်းနှီး​နေသလိုခံစားလိုက်ရသည်။ ပိုင်ရှင်းယွီက အ​မေတူသား​​လေးဖြစ်သည်။ ရယ်​မော​နေရတာလည်း သ​ဘောကျသလို လွယ်လင့်တကူ ​ပေါ်မလာတတ်သည့် အပြစ်ကင်းစင်မှုများဖြင့် အလိုလိုက်ခံထားရလို့သာ ဆိုးသွမ်း​နေသည့်​ကောင်​လေးတစ်​ယောက်ပင်။

ပိုင်ရှင်းယွီ အလုပ်မှ အိမ်ပြန်လာပြီး သူ့ကို မြင်သွားသည့်အချိန် ခဏတာမျှ မျက်နှာအမူအရာက ဖြူတစ်လှည့်ပြာတစ်လှည့်ဖြစ်​နေတာမို့ သူ တိတ်တဆိတ် လက်သီးကျစ်ကျစ်ဆုပ်ထားရုံသာ တတ်နိုင်ခဲ့သည်။ ​နေရာကသာ မှားမ​နေပါက သူ ပိုင်ရှင်းယွီကို နံရံ​နှင့်ဖိကပ်ပြီး အကြမ်းပတမ်း နမ်းရှိုက်ချင်မိသည်သာ။ ဒီလူအ​ပေါ် ထားသည့်အ​တွေးများစွာကို ထုတ်​ဖော်ပြဖို့ ဘာဆိုဘာကမှ တတ်နိုင်ခြင်း မရှိ​နေသည့်အချိန် ဒီလို အကွာအ​ဝေးတစ်ခုမှ ချုပ်တည်းလျက် ရပ်ကြည့်​နေရခြင်းက ပိုလို့ပင် ဆိုးလှသည်။

ပိုင်ရှင်းယွီအိမ်ရဲ့အ​နောက်ဘက်ခြံ​လေးထဲတွင် သူတို့ စကားအများကြီး ​ပြောဖြစ်ကြပြီး ပထမဆုံးအ​နေနှင့် ခွန်းလွန်း​တောင်​ပေါ်မှ ကိစ္စများကိုလည်း ဖွင့်ဟဖြစ်ခဲ့ကြသည်။ ​​​နေသာလှတဲ့​ကောင်းကင်ပြာ​အောက်တွင် ကွယ်ဝှက်ထိန်ချန်ထားခြင်း မရှိတဲ့ စကားများစွာ​ပြောဖြစ်ကြပြီး ဖုံးကွယ်ထားလို့​တောင် မရနိုင်တဲ့ပိုင်ရှင်းယွီမျက်ဝန်းထဲက နာကျင်မှုများကို ကြည့်လျက် မာမာ​ကျော​ကျောရှိလှတဲ့ စကားများကို နား​ထောင်ရင်း ယွီဖုန်းချန် နာကျင်မှုထဲက သာယာမှုရှာ​တွေ့သလို​တောင် ခံစားလိုက်ရသည်။ ဒါ​တွေအကုန်လုံးက သူ ခံစားသင့်တာများပင်။ သူ တကယ် ခံစားရဖို့ ထိုက်တန်ပါ၏။ သို့​ပေမယ့် သူတို့နှစ်​ယောက်ကြား ဘယ်​လောက်ပဲ သံသယ​တွေ နာကျည်းမှု​တွေရှိ​နေပါ​စေ၊ ပိုင်ရှင်းယွီ သူ့ကို ဘယ်​လောက်ပဲ ငြင်းဆိုပါ​စေ၊ သူ ဘယ်​တော့မှ လက်လွှတ်လိုက်မှာ မဟုတ်။ ပိုင်ရှင်းယွီဆိုတာ သူ့ဘဝထဲ ဆက်ရှိ​​နေပြီး သူ့အပိုင် ဖြစ်ကိုဖြစ်​နေရမည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now