62

11.6K 1.9K 1.8K
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ ;
ဓာတ်ငွေ့ခန်းအတွင်း နောက်ဆုံး စမ်းသပ်ချက်'

လူကိုးယောက်လုံး ခေါင်းလှည့်ပြီး အသင့်ရှိနေတဲ့ အိမ်လေးအား ငေးကြောင်ကြည့်နေမိသည်။ လူတော်တော်များများဆို ထိုအတွင်း ကပ်ဆိုက်စေမည့် ဘေးအန္တရာယ်ဆိုးများ ရှိနေသည့်အလား ကြည့်နေကြသည်။

မျက်ရည်ယိုဗုံး၊ သေစေနိုင်လောက်သည်အထိ အကျိုးသက်ရောက်မှုသည့် လက်နက်မျိုးက အဓိကရုဏ်းများ ဖြိုခွင်းရာတွင် အများဆုံးအသုံးပြုလေ့ရှိသည်။ ထိုမှ ထွက်လာသည့် အဆိပ်သင့်ဓာတ်ငွေ့များက လူကို ထိခိုက်ဒဏ်ရာများ မဖြစ်စေပေမယ့် ခဏတာမျှ မလှုပ်မရှားနိုင်အောင် ဖြစ်သွားစေသည်။ သူတို့အကုန် မျက်ရည်ယိုဗုံး၏ အစွမ်းပြင်းမှုအား ကိုယ်တိုင်လက်တွေ့ကြုံဖူးပြီးဖြစ်သည်။ ထိုအချိန်က ပစ်ခွင်းရာတွင် အထိအတွေ့ရှိခဲ့ပေမယ့် စမ်းသပ်ပစ်လွှတ်ရာနေရာက ကွင်းပြင်ကျယ်ဖြစ်ပြီး သူတို့အားလုံးကလည်း ပစ်လွှတ်ပြီးသည်နှင့် ချက်ချင်း တန်းပြေးကြတာမို့ အဆင်ပြေကြသည်။ အလုံပိတ်အခန်းထဲ တစ်လုံးပဲဆိုရင်တောင်မှ သူတို့ လွတ်မြောက်နိုင်ဖို့က မလွယ်ကူ။ ထိုအစား မျက်ရည်ယိုဗုံးဆယ်လုံး ထည့်ထားခြင်းက ခန့်မှန်းကြည့်လို့တောင် မရပေ။

ဟော့ချောင်က ပြုံးပြုံးလေးနှင့် ပြောလာသည်။ "ဘာဖြစ်တာလဲ။ ကြောက်ကုန်ပြီလား။"

ယွီဖုန်းချန် မြေပေါ်မှ ကုန်းထကာ တံခါးဆွဲဖွင့်ပြီး အထဲဝင်သွားလိုက်သည်။ ကျန်သည့်လူတိုင်းလည်း ရည်မှန်းချက်တစ်ခုကို ဦးတည်ထား၍ အနောက်မှ လိုက်ဝင်သွားတော့သည်။ 'သူတို့အကုန် ဒီနေရာထိ ရောက်လာပြီးပြီ၊ ဘယ်လိုလုပ် နောက်ပြန်လှည့်နိုင်မှာလဲ။'

အခန်းတွင် နေရာက ကျယ်ကျယ်ပြန့်ပြန့်မရှိသလို ဘာမှလည်း ထည့်သွင်းထားခြင်းမရှိ။ ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်လို့ထားပြီး လေထွက်ပေါက်လည်း မရှိ။ ဟော့ချောင်က တံခါးအရှေ့တွင် ရပ်ပြီး သူ့အိတ်ကပ်ထဲမှ မျက်ရည်ယိုဗုံး rs97 2 အမျိုးအစားကို ထုတ်ယူလိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now