9

9.8K 1.7K 72
                                    

[Unicode]

"မင်းက တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပဲ။"

နှစ်နာရီကြာအောင် အတင်းအကြပ် သင်ကြားစေပြီးနောက်တွင် ပိုင်ရှင်းယွီ သူ အရင်တုန်းက တစ်ခါမှ မလုပ်ဖူးသည့် အရာတစ်ခုကို ပြီးမြောက်အောင် လုပ်တတ်သွားသည်။ သူ နားမလည်နိုင်တာက စောင်ခေါက်တာလေး တစ်ခုအတွက် စောင်ခေါက်ပြိုင်ပွဲ ရှိနေခြင်းပင်။ မနက်အာရုဏ်မရောက်ခင်မှာ ထပြီး စောင်ခေါက်ရင်း အချိန်ကုန်ရမည့်သူ့ဘဝကို တွေးကြည့်ရတာ တကယ်ကို စိတ်ဝင်စားစရာ မရှိ။

ယွီဖုန်းချန်ကတော့ မနက်ခင်းက ရေချိုးခန်းထဲတွင် လုပ်ခဲ့သည့် ခြိမ်းခြောက်မှုကို မေ့သွားပုံ ပေါ်ပြီး အရမ်း ရင်းနှီးသည့် သူငယ်ချင်းကောင်းများလို ဟန်ဆောင်ကာ သူ့အား စောင်ခေါက်နည်းနှင့် အိပ်ယာပြင်နည်းအား သင်ကြားပေးနေတော့သည်။ ဖန်းသုန့်ယွမ်နှင့် ချန်းလျန် နှစ်ယောက်ကတော့ သူတို့ ပြန်တည့်သွားပြီ ထင်ပြီး ပျော်နေကြသည်။ သူတို့တွေက "လူငယ်တွေပဲ၊ ရန်ဖြစ်လည်း ခဏပါပဲ။ ဘယ်သူမှ စိတ်ထဲ ထားမနေပါဘူး"ဟု ရိုးရှင်းစွာတွေးထားကြသည်။

သူတို့ အိမ်မှုထိန်းသိမ်းရေး အကြောင်းများ လေ့လာပြီးချိန်မှာတော့ ချင်းကျင်းက သူတို့အဖွဲ့အား တစ်နာရီအနားပေးလိုက်သည်။ မကြာခင်မှာပဲ နေ့လည်စာ စားချိန်ကို ရောက်တော့မည်။ နေ့လည်စာ ပြီးသည်နှင့် သူ အိပ်ယာမှာ လှဲနေလို့ ရမည့်အကြောင်း တွေးမိပြီး ပိုင်ရှင်းယွီ အချိန်တွေ မြန်မြန်ကုန်သွားပါစေဟု တွေးနေမိတော့သည်။ဒီနေ့က သူ့ဘဝတွင် အရှည်ကြာဆုံး နေ့ဖြစ်လောက်မည်။ ကိစ္စမျိုးစုံဖြစ်သွားတာတောင် မနက်ပိုင်းပဲ ရှိသေးသည်။

နားချိန် ရောက်သော် ပိုင်ရှင်းယွီ ဖုန်းခေါ်လို့ရသည့် နေရာသို့ ဖုန်းခေါ်ဖို့ ပြန်သွားလိုက်သည်။ ဒီနေ့က စစ်တာဝန်ထမ်းဆောင်ရခြင်း၏ ပထမနေ့ဖြစ်တာမို့ စစ်သားတော်တော်များများက အိမ်ကို ပြန်အစီရင်ခံဖို့ စိတ်လောနေကြသည်။ ပိုင်ရှင်းယွီလည်း လူဘယ်နှစ်ယောက်ကျန်သေးလဲဟု ကြည့်လိုက်ရာ .. Fuck! လူတန်းကြီးက နှစ်မီတာ၊ သုံးမီတာလောက် ရှည်နေဆဲ။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now